မိန်းကလေးတော်တော်များများက ကိုယ်သဘောကျတဲ့ ကောင်လေးဆီက အရင်ဖွင့်ပြောတာကို လိုချင်ကြ‌ပေမယ့် တချို့ယောက်ျားတွေက သင့်ရဲ့အရိပ်အမြွက်တွေကို ဖမ်းမမိတတ်ပါဘူး။ ဒါပေမယ့် မျှော်လင့်ချက်မပျက်ပါနဲ့။ သင်သူ့ကိုကြိုက်မှန်း မသိတာ ဒါမှမဟုတ် ငြင်းခံရမှာကို ကြောက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါဆို သင့်ရဲ့ခံစားချက်တွေကို သူသေချာသိနိုင်ဖို့ ဘယ်လိုလုပ်ရမလဲ?

စကားပြောပါ

သူနဲ့ အကြောင်းရှာပြီး စကားစမြည်ပြောကြည့်ပါ။ သူကူညီပေးနိုင်လောက်တဲ့ အကူအညီမျိုး တောင်းပါ။ သူအနားရှိတဲ့အခါ သူ့ကိုပြုံးပြပါ။ သူကိုယ့်အနားရောက်လာဖို့ အခွင့်အရေးပေးပါ။

ဖော်ရွေပါ

သူ့ဘက်စပြီး စကားပြောလာပြီဆိုရင် သင့်ဘက်ကလည်း ဖော်ရွေဖို့မမေ့ပါနဲ့။ သူနဲ့စကားပြောရတာကို စိတ်ဝင်တစားရှိပါ။

စာပို့ပါ

သူက အရင်စမပို့ရင်တောင် သင်က စပြီးပို့ကြည့်ပါ။ သူ့ရဲ့အာရုံကို ရဖို့ ဒီလိုလည်းကြိုးစားကြည့်ပါ။ သူက မင်းကို အရင်ပို့လာရင်လည်း တတ်နိုင်သမျှ အမြန်ဆုံး စာပြန်ပါ။

Body Language သုံးပါ

ကောင်လေးနဲ့စကားပြောတဲ့အခါ မျက်လုံးချင်းဆုံအောင်ထိန်းပါ။ ခေါင်းငြိမ့်ပြပြီး ပြုံးပြတာက သူ့အတွက် အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုကို ပေးတဲ့အပြင် သူပြောတာကို နားထောင်ဖို့ စိတ်ဝင်စားကြောင်း ပြသပါတယ်။ မင်းနဲ့စကားပြောဖို့ သူ့ကို ယုံကြည်မှုရှိစေတယ်။

ပြင်ပြင်ဆင်ဆင်နေပါ

သူနဲ့တွေ့တဲ့အခါ အိပ်ရာထခါစပုံစံမျိုး မဖြစ်ပါစေနဲ့။ ပျင်းနေပြီး သူ့ကို စိတ်မဝင်စားဘူးလို့ သူထင်ကောင်းထင်သွားနိုင်တာမလို့ သင်ကပြင်ပြင်ဆင်ဆင်နေတဲ့အခါ သတိပြုမိပြီး အထူးသဖြင့် သူ့အတွက် သင်အဆင်သင့်ဖြစ်နေပြီဆိုတာကို သဘောကျမှာပါ။

ချီးကျူးပါ

ယောက်ျားလေးတစ်ယောက်ကို ချီးမွှမ်းပေးတာက သူ့ကို သင်ဘယ်လောက်ထိ သတိထားမိတယ်ဆိုတာ ပေါ်လွင်စေပါတယ်။ ဒါပေမယ့် သူ့ကို ချီးကျူးစကားအတုတွေနဲ့ ချီးကျူးဖို့ မကြိုးစားပါနဲ့။ စိတ်ရင်းမှန်နဲ့ သူ့အကြောင်း သင်ကြိုက်တာကို ပြောပြပါ။ သင့်ရဲ့ ချီးကျူးစကားတွေက သူ့ယုံကြည်မှုကို တိုးလာစေပြီး သင့်ကို စကားပြောချင်လာပါလိမ့်မယ်။

သူ့အကြောင်းစိတ်ဝင်စားပါ

သူ့ရဲ့အကြောင်း ရည်မှန်းချက်တွေအကြောင်း သူ့ကိုမေးတာက သူ့ကို သင်စိတ်ဝင်စားတယ်ဆိုတာကို ပြသပါတယ်။ သူရဲ့ကိုယ်ရေးကိုယ်တာဘဝကို သင်နဲ့ပြောပြတဲ့အခါ စိတ်ရှည်သည်းခံပြီး နားထောင်ပေးပါ။ သူ့ရွေးချယ်မှုနဲ့ သဘောကျမှုတွေကို ကိုယ်စား မဆုံးဖြတ်ပါနဲ့။

သူ့ဟာသတွေကို ရယ်ပေးပါ

သူဟာသတွေပြောတဲ့အခါ လိုက်ပြီးရယ်ပေး သဘောကျပေးတာကလည်း သင်သူ့ကိုသဘောကျနေကြောင်း သိသပါတယ်။ တကယ်လို့ သူလည်း သင့်ကို သဘောကျနေရင်တော့ သင့်ကို မကြာခဏ ရယ်အောင် သူကြိုးစားပါလိမ့်မယ်။