ခံတွင်းနံ့နံတဲ့အခါ တစ်ခြားသူတွေနဲ့စကားပြောရင် အရှက်ရစေပါတယ်။ အာခံတွင်းအတွင်းမှာ ဘတ်တီးရီးယားတွေရှိနေရင်လည်း သွားကိုက်တာမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် အာခံတွင်းရှိ ဘတ်တီးရီးယားတွေကို သေစေနိုင်ပြီး ခံတွင်းနံ့ဆိုးကင်းဝေးစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံးကလည်း သင်ကိုယ်တိုင် ပုံမှန်ပြုလုပ်ပေးနေရမယ့်အရာတွေဖြစ်တာကြောင့် ဘာမှမခက်ခဲပါဘူး။

တစ်နေ့ကို ရေ ၂ လီတာ အနည်းဆုံးသောက်ပါ။ မနက် ၈ နာရီမှာ ဖန်ခွက်နဲ့ ၂ ခွက်၊ ၁၁ နာရီမှာ ၁ ခွက်၊ ၁ နာရီမှာ ၂ ခွက်၊ ၄ နာရီမှာ ၁ ခွက်၊ ၆ နာရီမှာ ၁ ခွက်၊ ၈ နာရီမှာ ၁ ခွက်ဆိုပြီး သောက်ပေးလို့တောင်ရပါတယ်။

လျှာကိုခြစ်တဲ့ဟာလေးနဲ့ တစ်နေ့တစ်ခါလောက် ပုံမှန်ခြစ်ပေးရင် လျှာမှာကပ်နေနိုင်တဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးပြီး ခံတွင်းနံ့ဆိုးနံတာကို ပျောက်ကင်းစေပါတယ်။

မနက်တစ်ကြိမ်၊ ည တစ်ကြိမ် သွားတိုက်ပါ။ သွားကြားမှာကပ်နေတဲ့ အစာတွေကို သေချာပြောင်အောင်တိုက်ပါ။ သွားတိုက်ရင် ပြီးစလွယ်မတိုက်ပါနဲ့။

ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်ရင်တော့ ဘယ်လောက်ပဲသွားတိုက်တိုက် ခံတွင်းက အနံ့ဆိုးထွက်ပါလိမ့်မယ်။