LDRS ဖြစ်နေလို့ပဲဖြစ်ဖြစ်၊ ကိုဗစ်ကာလ Lockdown ဖြစ်နေချိန်၊ Stay Home နေရချိန်တွေမှာ ကိုယ့်ချစ်သူနဲ့ မတွေ့ပဲနေရတဲ့အတွက် ပိုပြီး အဆင်ပြေပြေနေသင့်ပါတယ်။ ဒီလိုအချိန်မှာ ရန်ဖြစ်စကားများတာမျိုး မဖြစ်တာ အကောင်းဆုံးပါပဲ။ ဒါကြောင့် မတွေ့ရတဲ့အချိန်တွေမှာတောင် အချစ်လျော့မသွားစေဖို့ စုံတွဲတိုင်းဆင်ခြင်ရမယ့် အရာတချို့ကို ပြောပြပေးလိုက်ပါတယ်။

ကိုယ့်လက်တွဲဖော်ကိုယုံကြည်ပါ

အထူးသဖြင့် မိန်းကလေးတော်တော်များများက မတွေ့ရတာကြာလာရင် သံသယတွေများလာတယ်။ နည်းနည်းလောက် ပြောင်းလဲတာနဲ့တင် အတွေးပေါင်းစုံဝင်ပြီး မယုံကြည်တော့ဘူး။ တစ်ခုခုဆို စိတ်ဆိုးစိတ်ကောက်လွယ်လာမယ်။ အဲ့ကနေ ပြဿနာတွေတက်ပြီး ခဏခဏရန်ဖြစ် စကားများတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်လက်တွဲဖော်အပေါ်မှာ ယုံကြည်မှုထားပေးပါ။ ယုံကြည်မှုရှိဖို့က အရမ်းအရေးကြီးပါတယ်။

အဆက်အသွယ်များများလုပ်ပါ

မတွေ့ရတဲ့အချိန်တွေမှာ ပစ်မထားပါနဲ့။ တစ်နေ့ကို အနည်းဆုံးတစ်ခေါက်တော့ ဖုန်းဆက်ပါ။ ညအိပ်ခါနီးရင် Video Call ပြောပါ။ အမြဲကိုယ်ဘာလုပ်မယ်ဆိုတာ၊ ဘာလုပ်နေတယ်ဆိုတာကို အသိပေးပါ။ ဒီလိုမျိုးနေမယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရလည်း နီးကပ်နေသလို၊ အနေနီးစပ်နေသလို ခံစားရတဲ့အတွက် ပိုပြီးလည်း အဆင်ပြေလာပါလိမ့်မယ်။

Overthinking မဖြစ်ပါနဲ့

တွေ့ဖို့မလွယ်တဲ့အခြေအနေတွေမှာ Overthinking တွေ သိပ်မဖြစ်ပါနဲ့။ Overthinking ဖြစ်လေ၊ ကိုယ်စိတ်ပင်ပန်းရလေပါပဲ။ ဒါ့အပြင် ချစ်သူနဲ့လည်း အဆင်မပြေ၊ မပျော်ရွှင်နိုင် ဖြစ်နေပါလိမ့်မယ်။ အများကြီးမတွေးပါနဲ့။ ပျော်စရာရှိရင်ပျော်လိုက်ပါ။ စိတ်ညစ်စရာရှိရင် ခဏပဲစိတ်ညစ်ခံပါ။ မအားအောင်နေလိုက်ပါ။ ဒါဆို တွေးနေချိန်မရှိတဲ့အတွက် Overthinking လည်း ဖြစ်တော့မှာ မဟုတ်ပါဘူး။

မလိမ်ပါနဲ့

တွေ့ရတဲ့အချိန်တွေမှမဟုတ်ပါဘူး။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်လက်တွဲဖော်အပေါ်မှာ ရိုးသားပါ။ ဘယ်တော့မှ မလိမ်ပါနဲ့။ လိမ်တာတွေများလာရင် Relationship တစ်ခု ပျက်စီးဖို့ လွယ်လာပါလိမ့်မယ်။

photo soure: www.freepik.com