မျက်ခုံးမွှေးမရှိလည်း အရင်ထက်ပိုများလာအောင် လုပ်လို့ရပါတယ်။ မျက်ခုံးမွှေးရှိတယ်ဆိုရင်တော့ ပိုထူလာအောင် လုပ်လို့ရပါတယ်။ မျက်ခုံးထူထူ နက်နက်လေးဆိုရင် မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ဆွဲဆောင်မှုရှိပါတယ်။ ဒါကြောင့် မျက်ခုံးမွှေးထူထူလေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် ရိုးရှင်းသော သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

အုန်းဆီ

အုန်းဆီကို ဂွမ်းတံလေးနဲ့ယူပြီး ညတိုင်း မျက်ခုံးကိုဆွဲပေးပါ။ မနက်မှ မျက်နှာသစ်ပါ။

အုန်းဆီမှာ proteins, iron နဲ့ vitamin E ဓာတ်တွေပါဝင်လို့ မျက်ခုံးလေးတွေ healthy & thick eyebrows ရဖို့အတွက် အကောင်းဆုံး နည်းလမ်းပါပဲ။

သံလွင်ဆီ

သံလွင်ဆီ ကို လက်ချောင်းလေးပေါ် တစ်စက်လောက်ချပြီး မျက်ခုံးမွှေးကိုလိမ်းကာ massage လုပ် နှိပ်နယ်ပေးပါ။

သံလွင်ဆီမှာက vitamin E နဲ့ vitamin A အဓိကပါလို့ ဆံပင်နဲ့ မျက်ခုံးမွှေး၊ မျက်တောင်မွှေးတွေ သန်စွမ်းစေဖို့ အများကြီး အထောက်အကူပြုပါတယ်။

ကြက်သွန်နီအရည်

ကြက်သွန်နီကို သေးသေးလေးတွေဖြစ်အောင် လှီးပြီး blender ထဲ ထည့်ကြိတ်ပါ။ ရလာတဲ့အရည်ကိုမှ မျက်ခုံးမွှေးမှာ လိမ်းပေးပြီး တစ်နာရီထားပါ။ အချိန်ပြည့်ရင် သံပယိုရည်ကို ဂွမ်းထဲညှစ်ချပြီး အဲ့ဒီဂွမ်းနဲ့ သုတ်ပေးပါ။ တစ်ခါထဲ မျက်နှာသစ်မယ်ဆိုလည်း ရပါတယ်။

ကြက်သွန်နီအရည်မှာက selenium, sulfur, minerals, vitamin C, vitamin B စတာတွေပါဝင်လို့ ဆံပင်နဲ့ မျက်ခုံးမွှေး သန်စေဖို့ အများကြီး အထောက်အကူပြုပါတယ်။

ကြက်ဥအနှစ်

ကြက်ဥတစ်လုံးကိုဖောက်ပြီး အနှစ်ကိုပဲယူကာ ခလောက်ပေးပါ။ ပြီးရင်တော့ brush နဲ့ယူပြီး မျက်ခုံးမွှေးကိုသုတ်ကာ မိနစ် ၂၀ ထားပါ။ အချိန်ပြည့်မှ ရေကြက်သီးနွေးနဲ့ သန့်စင်လိုက်ပါ။

ကြက်ဥအနှစ်မှာကျတော့ keratin protein နဲ့ protein ဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ hair growth အတွက် အကောင်းဆုံး supplement ပါပဲ။ ကြက်ဥမှာက biotin ဓာတ်လည်းပါလို့ မျက်ခုံးမွှေးသန်စေပါတယ်။