မျက်တောင်မွှေးအလှဆိုတာ မိန်းကလေးတွေ သဘောကျတဲ့ အလှတရားတစ်ခုပါပဲ။ မျက်တောင်မွှေးရှည်ရှည်လေးရဖို့အတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ မျက်တောင်မွှေးကို ဖြီးပေးပါ

မျက်တောင်မွှေးကို Mascara ဘီးအသန့်နဲ့ ဖြီးပေးနိုင်ပါတယ်။ တစ်နေ့ကို ၅ နာရီလောက်ဖြီးပေးပါ။ ဗီတာမင် E အဆီလိမ်းပေးပြီး မျက်တောင်မွှေးကိုဖြီးပေးနိုင်ပါတယ်။

၂။ ဆီ

ကြက်ဆူဆီ၊ အုန်းဆီ နဲ့ သံလွင်ဆီတွေမှာ Fatty Acid ပါဝင်ပြီး သင့်မျက်တောင်မွှေးကို အမြန်ဆုံးရှည်စေပါတယ်။ အဲဒီအဆီတမျိုးမျိုးကို ညအိပ်ယာမဝင်ခင် မျက်တောင်မွှေးပေါ်မှာလိမ်းပေးပြီး အိပ်ယာဝင်ပါ။ မျက်လုံးထဲမဝင်အောင်ဂရုစိုက်ပါနော်။

၃။ အာဟာရဓာတ်

ဗီတာမင်ဓာတ်ချို့တဲ့တာဟာ သင့် ဆံကေသာနဲ့ မျက်တောင်မွှေးကို ကျွတ်စေပါတယ်။ ဒါ့ကြောင့် အာဟာရဓာတ်ညီညွှတ်မျှတအောင်စားဖို့လိုအပ်ပါတယ်။

၄။ Green Tea

Green Tea မှာ ဗီတာမင်ဓာတ်နဲ့ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး သင့်မျက်တောင်မွှေးကို သန်စွမ်းပေါတယ်။ Green Tea ကိုအေးအောင်ထားပြီး ဝါဂွမ်းနဲ့တို့ကာ မျက်တောင်မွှေးမှာ တစ်နေ့ ၂ ကြိမ်လိမ်းပေးပါ။

၅။ ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ဟာ သင့်ဆံကေသာကို အာဟာရဖြည့်ပေးနိုင်ပြီ မျက်တောင်မွှေးကို သန်စွမ်းစေပါတယ်။ ရှားစောင်းလက်ပက်အနှစ်ကို ညအိပ်ယာမဝင်ခင် မျက်တောင်မွှေးပေါ် လိမ်းပေးပီး မနက်အိပ်ယာထရင်ဆေးချပေးပါ။

၆။ သန့်ရှင်းရေးုလုပ်ပါ

မျက်နှာကို သေချာသန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။ ညဖက်မှာ Mascara လိမ်းရက်သားနဲ့ အိပ်ယာဝင်တာမျိုးမလုပ်သင့်ပါဘူး။

၇။ တခါတလေ Mascara မဆိုးပါနဲ့

Mascara ကို နေ့တိုင်းဆိုးပေးတာမျိုးမလုပ်သင့်ပါဘူး။ အပြင်ကနေပြန်လာရင်လည်း Mascara ကိုသေချာပြန်ဆေးပေးပါ။ Mascara ကို ၂ လတစ်ကြိမ် ၃ လတစ်ကြိမ်လောက် အသစ်တစ်ခုနဲ့လဲပေးပါ။

၈။ နှိပ်ပေးပါ

မျက်ခွံနဲ့ မျက်တောင်မွှေးနားမှာ အုန်းဆီ (သို့) သံလွင်ဆီလိမ်းပေးပြီး ၅ မိနစ်လောက် ညင်သာစွာနှိပ်နယ်ပေးပါ။