ဆံပင်ပါးတဲ့သူတွေပဲဖြစ်ဖြစ် ဆံပင်ပါးကပ်ကပ်ဖြစ်နေလို့ပဲဖြစ်ဖြစ် ဆံပင်ကို အုံထူချင်တယ်ဆိုရင်တော့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးမယ်နော်။
၁။ ဆံပင်အရှည်မထားဘဲ ဒီလိုလေးညှပ်လိုက်ပါ။
ဆံပင်ပါးတဲ့သူတွေအနေနဲ့ ဆံပင်အရှည်မထားဘဲ ဆံပင်တိုတိုကို Wave ပုံလေးတွေဖော်ပြီးညှပ်လိုက်ပါ။ ထိန်းသိးရတာလည်း လွယ်ကူသလို ဆံပင်ကိုလည်း အုံပိုထူလာစေပါတယ်။
၂။ အလွှာတွေအများကြီးထားညှပ်ပါ။
ဆံပင်ကို ၂ ထပ် ၃ ထပ်လောက်ပဲဖြစ်ဖြစ် အလွှာတွေ များများထားညှပ်ပေးတာကလည်း သင့်ကို ဆံပင်အုံပိုထူစေပြီး ဘယ်မျက်နှာပုံမျိုးနဲ့ မဆိုလိုက်ဖက်တယ်လို့ Stylist တွေက အကြံပြုကြပါတယ်။
၃။ အရောင်ဆိုးလိုက်ပါ။
ဆံပင်အုံပိုထူချင်တဲ့သူတွေအတွက် ဆံပင်ကို Highlight ပေးပြီး အရောင်ဆိုးလိုက်ပါ။
၄။ ခေါင်းကိုမှန်မှန်ကန်ကန်လျှော်မယ်။
ခေါင်းလျှော်တဲ့အခါ ပုံ ၁ မှာ ပြထားသလိုမဟုတ်ဘဲ ပုံ ၂ မှာပြထားသလိုမျိုး ဆံပင် ဖွဖွလေးလုပ်ပြီးလျှော်ပေးပါ။ – ဆံပင်အမြစ်မှာ ခေါင်းလျှော်ရည်ထည့်လိုက်ပြီး ဆံပင်တစ်ခုလုံးကို ဖြန့်လိုက်ပါ။ ဆံပင်အဖျားလေးတွေက နည်းနည်းလေး ခြောက်သွေ့ ကြမ်းတမ်းတတ်လို့ အဖျားလေးတွေကို မပွတ်ပေးသင့်ပါဘူး။
- ပေါင်းဆေးသုံးရင်တော့ ဆံပင်အရင်းလေးတွေကို အဓိက လိမ်းပေးပါ။
- ဦးရေပြားကို သေချာလေး ပြောင်အောင်ဆေးပါ။ ပြီးရင် လက်လေးနဲ့ ဖွဖွလေး နှိပ်ပေးပါ။
- ခေါင်းနေ့တိုင်းမလျှော်ပါနဲ့။
၅။ ဆံပင်ပုံကျအောင်လုပ်တဲ့ Foam တွေ အများကြီးမသုံးပါနဲ့။
အဲဒီလိုအများကြီးသုံးတာဟ ဆံပင်ကို ဆေးကပ်စေပြီး ပိုလေးစေပါတယ်။ ဆံပင်အုံကိုလည်း ပါးစေပါတယ်။
၆။ ဆံပင်ဖောင်းဖောင်းလေးလုပ်ရအောင်။
ကိုယ့်ရဲ့ ဆံပင်ကို ပါးကပ်ကပ်ကြီးမဖြစ်အောင် ဆံပင်ပုံကို ဖောင်းဖောင်းလေးဖြစ်အော် သွင်းပေးပါ။
၇။ ဆံပင်လေမှုတ်စက်ကို ဒီလိုသုံးမယ်။
ဆံပင်လေမှုတ်စက်ကို ခေါင်းငိုက်စိုက်ချပြီး သုံးပေးပါ။ ဒါဆို ဆံပင်ကို ပိုပြီးလည်း အုံထူစေမှာဖြစ်သလို အခြောက်လည်းမြန်စေပါတယ်။
၈။ ဆံပင်ကို ပုံအမျိုးမျိုးခွဲလိုက်ပါ။
ဆံပင်ခွဲတဲ့ပုံစံကို ပြောင်းလဲလိုက်ပါ။ ကိုယ်က အလည်ခွဲဆိုရင် ဘေးဖက်ခွဲကြည့်လိုက်ပါ။ ဘယ်ခွဲဆို ညာဖက်ခွဲကြည့်လိုက်ပါ။