မိန်းကလေး အများစုဟာ လိုတာ မရ ရတာမလို ဖြစ်တတ်ပါတယ်​။ ဆံပင်ဖြောင့်တဲ့သူတွေက ဆံပင်ကောက်တာ လိုချင်ပြီး၊ ဆံပင်ကောက်သူကတော့ ဆံပင်ဖြောင့်တာ သဘောကျကာ၊ ကိုယ်နဲ့ ဆံပင်အရောင်မတူတဲ့ ဆံပင်တွေကို တောင့်တကြပြန်ပါတယ်။ ဒါပေမဲ့ ဆံပင်ပါးတာကတော့ ဆံပင်စတိုင် ရွေးချယ်တဲ့အခါ အကန့်အသတ် ရှိနေပါတယ်။ ဆံပင်ပါးတဲ့ ပျိုမေတို့ အနေနဲ့ ဆံပင်ထူတာ လိုချင်ကြမှာပါ။ ဆံပင်ထူမှ မျက်နှာ ပိုသေးသွယ်တဲ့ ပုံစံလေး ရနိုင်ပါတယ်။ ဒီတော့ ဆံပင်ပိုထူတဲ့ ပုံစံရအောင် ဘယ်လိုလုပ်နိုင်မလဲ ကြည့်လိုက်ရအောင်-

၁။ ခေါင်းလျှော်တဲ့အခါ

ဆံပင်ပါးတဲ့ ပျိုမေတို့အနေနဲ့ ခေါင်းလျှော်ရည်နဲ့ Conditioner ကို သေချာရွေးသုံးသင့်ပါတယ်။ သင့်ဦးရေပြား ခြောက်သွေ့လေလေ ဆံပင်ပါးလေလေပါပဲ​။ ဒါကြောင့် အရည်အသွေးကောင်းတဲ့ ခေါင်းလျှော်ရည်နဲ့ Conditioner ကို သုံးပေးသင့်ပါတယ်။

၂။ ဆံပင် ဖွဖွလေး ဖြစ်စေမယ့် Product တွေကို သုံးပါ

 

Dry Shampoo က သင့်ဆံပင်ကို ပိုထူတယ် ထင်ရစေပါတယ်။ သင်က ဆံပင်ပါးရင် ဆံပင်ထူတယ် ထင်ရစေမယ့် Hair Spray တွေကို သုံးပေးသင့်ပါတယ်။

၃။ ဆံပင်လှိုင်းကောက်

 

လှိုင်းကောက် ဆံပင်ပုံစံက ဆံပင်ပါးတာကို ပိုထူတယ် ထင်ရစေပါတယ်။ သင်က ဆံပင် မကောက်ခင် Heat Protection Spray/ Oil သုံးဖို့တော့ မမေ့သင့်ပါဘူး။

၄။ Deep Cleanse လုပ်ပါ

သင်က ဆံပင်ထူစေမယ့် Product တွေ သုံးတာများတယ်ဆိုရင် တစ်ပတ်တစ်ခါလောက် Deep Cleanse Shampoo နဲ့ ခေါင်းလျှော်ပေးသင့်ပါတယ်​။ မဟုတ်ရင် သင့်ဦးရေပြားမှာ အဆီနဲ့ အညစ်အကြေးတွေ ကပ်နေနိုင်ပါတယ်။

၅။ ဆံပင်ခွဲကြောင်း ပြောင်းပါ

ဆံပင်ပါးတဲ့ ပျိုမေတို့အနေနဲ့ ဆံပင်ခွဲကြောင်းကို အလယ်မထားဘဲ ဘေး ခွဲကြောင်း ပြောင်းသင့်ပါတယ်။ ဆံပင်ခွဲကြောင်းပြောင်းတာက သင့်ဆံပင်ကို ပိုမြင့်တယ် ထင်ရစေပါတယ်။

၆။ Tape in Hair Extension သုံးပါ

ဆံပင်အတုထည့်တာက ရှက်စရာ မဟုတ်ပါဘူး။ ဆံပင်ထူသွားအောင် ပါးနေတဲ့ နေရာမှာ Tape In Extension ကပ်နိုင်ပါတယ်။

Photo Source: Pinterest

by MyStyle Myanmar