တင်းတိတ်တွေက ပျောက်အောင်လုပ်ဖို့ ခက်ပါတယ်။ ဒါကြောင့် တင်းတိတ်မထွက်အောင် အစထဲက ကြိုတင်ကာကွယ်တာမျိုး၊ အသားအရေကို ဂရုစိုက်တာမျိုးကို လုပ်ရမှာပါ။ အသက်ငယ်တုန်းမှာတော့ မထွက်ပေမယ့် အသက်၃၀ ကျော်နောက်ပိုင်းမှာ ထွက်လာပါတယ်။ ဒါပေမယ့်လည်း တင်းတိတ်ထွက်ပြီဆိုရင် သက်သာလာအောင်လုပ်နိုင်မယ့် နည်းလမ်းတချို့တော့ရှိတာမို့ ဖော်ပြပေးလိုက်ပါတယ်။

Sunscreen ကို SPF 30 အထက်ကိုပဲလိမ်းပါ။ အပြင်မသွားခင် ၁၅ မိနစ်အလိုမှာ Sunscreen လိမ်းပါ။ နေပူထဲသွားရင် ၄ နာရီခြား တစ်ခါ ပြန်လိမ်းပါ။ ဒီလိုလိမ်းပေးရင် တင်းတိတ်ဘယ်တော့မှ ထွက်မှာမဟုတ်ပါဘူး။ တင်းတိတ်ထွက်နေပြီမို့ Sunscreen မလိမ်းတော့ဘူးမလုပ်ပါနဲ့။ တင်းတိတ်ထွက်နေလည်း ပိုဆိုးမလာအောင် လိမ်းပေးပါ။

တင်းတိတ်တွေကို Laser treatment ယူပြီး ပျောက်အောင်လုပ်လို့ရပါတယ်။ ဒါကတော့ တင်းတိတ်လုံးဝဖျောက်ချင်တဲ့သူတွေအတွက်ပါ။

တင်းတိတ်တွေသက်သာဖို့အတွက် fading cream လိမ်းလို့လည်းရပါတယ်။

သဘာဝနည်းလမ်းနဲ့ ပေါင်းတင်တာလည်းလုပ်လို့ရပါတယ်။ သံပုရာရည် (သို့) သံပယိုရည်ကို ဂွမ်းလုံးလေးနဲ့ယူပြီး မျက်နှာမှာတို့တို့ပြီး လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီးရင် ရေဆေးချလိုက်ပါ။