မျက်နှာအသားအရေက မကြည်မလင်ဖြစ်ပြီး ညစ်နွမ်းနေတဲ့သူတွေ dull skin ဖြစ်နေတဲ့သူတွေအတွက် မနက်ပိုင်းမှာလုပ်ပေးသင့်တဲ့အရာတွေနဲ့ မနက်ပိုင်းမှာလိမ်းပေးရမယ့် morning skincare step တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေကိုသုံးပြီး dull skin ကနေ မျက်နှာအသားအရေ ကြည်လင်လာအောင် healthy skin ဖြစ်လာအောင် လုပ်ပေးနိုင်ပါတယ်။

ရေခဲရေနဲ့မျက်နှာသစ်ပါ

မနက်အိပ်ယာနိုးရင် ရေခဲရေနဲ့ မျက်နှာသစ်ပေးခြင်းက သွေးလည်ပတ်မှုပိုမိုကောင်းမွန်စေပြီး dull skin ဖြစ်နေတာကို ပျောက်စေပါတယ်။ အသားအရေတင်းရင်းပြီး fresh ဖြစ်စေပါတယ်။

Moisturizer လိမ်းပါ

အဆီပြန်တဲ့သူပဲဖြစ်ဖြစ်၊ အသားခြောက်တဲ့သူပဲဖြစ်ဖြစ် အသားအရေညစ်နွမ်းနေပြီဆိုရင် toner တစ်မျိုးထဲသုံးလို့မရပါဘူး။ မနက်ပိုင်းမှာလည်း moisturizer လိမ်းပေးရပါမယ်။ ဒါမှလည်း အသားအရေက ရေဓာတ်ပြည့်ဝပြီး hydration ကောင်းလာပြီး အသားကြည်လာမှာပါ။ တချို့ကျတော့ အဆီပြန်လို့ဆိုပြီး မနက်ပိုင်းမှာ toner လောက်ပဲ လိမ်းပြီးနေတတ်ကြပါတယ်။ ဒီလိုလုပ်တာက အသားအရေညစ်နွမ်းနေတာကို မသက်သာစေပါဘူး။

Vitamin C serums

အရမ်းအဆီပြန်တဲ့ အသားအရေမဟုတ်ရင်တော့ မနက်ပိုင်းမှာလည်း Vitamin C serum ကို လိမ်းပေးပါ။ Vitamin C serum တွေက အသားအရေညစ်နွမ်းပြီး dull skin ဖြစ်နေတာကို ပျောက်စေပါတယ်။ အသားအရေ သိသိသာသာကြည်ပြီး brighting ဖြစ်လာစေပါတယ်။

Rose Water

မျက်နှာကို တစ်နေ့ကုန် သတိရရင်ရသလို rose water face spray ဖြန်းပေးပါ။ Rose water က အသားအရေကို ချောမွေ့ပြီး hydrating ကောင်းကောင်းပေးနိုင်ပါတယ်။ အသားအရေနီမြန်းတာတွေ သက်သာစေပါတယ်။ ရေဓာတ်ပြည့်ဝနေရင် အသားအရေက ကြည်လာမှာပါ။

Sunscreen

Sunscreen မလိမ်းရင် နေလောင်ပြီး အသားအရေက ပိုတောင်ညစ်ပြီးမဲလာမှာပါ။ ဒါကြောင့် နေ့လည်ဘက်တွေမှာ အပြင်သွားလည်း sunscreen လိမ်းပါ။ အိမ်ထဲမှာနေလည်း နေရောင်ခြည်ဝင်တဲ့အတွက် sunscreen လိမ်းပေးပါ။ ဒါမှ အသားအရေညစ်နွမ်းပြီး dull skin ဖြစ်နေတာက သက်သာလာပါမယ်။