Cellulite ဆိုတာ မိန်းကလေးတွေရဲ့အလှအပအတွက် အဓိကရန်သူအဖြစ် ဆယ်စုနှစ်များစွာကြာအောင် သတ်မှတ်ခံထားရတာပါ။ Cellulite ပမာဏများစွာရှိနေတာက အလှအပဆိုင်ရာပြဿနာတစ်ခုတင်မကဘဲ
ကျန်းမာရေးပြဿနာတစ်ခုလည်းဖြစ်ပါတယ်။

သင့်မှာကော Cellulite ရှိပါသလား ? Cellulite ကြောင့် အလှပျက်လို့ စိတ်ညစ်နေရင် ဒီအဆင့် ၈ ဆင့်ကို လိုက်နာကြည့်ပါ။ ခြေလှမ်းတိုင်းကို စည်းကမ်းရှိရှိ နေ့တိုင်းလေ့ကျင့်မယ်ဆိုရင် တစ်လလောက်ကြာပြီးရင် အံ့သြစရာကောင်းတဲ့ ရလဒ်တွေကို သတိထားမိမှာပါ။ ရလဒ်က သင့်ကို တကယ်အံ့အားသင့်စေပါလိမ့်မယ်။

အစားအစာ

ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာကောင်းဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်အားလုံးကို ရရှိနိုင်ဖို့က စားတဲ့မီနူးမှာ ပရိုတင်း၊ အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်နဲ့ polyunsaturated fatty acids ကြွယ်ဝတဲ့ အစားအစာတွေ တတ်နိုင်သမျှ ပါဝင်သင့်ပါတယ်။ Fast Foods တွေ ၊ အချိုများတဲ့အစားအစာများ ၊ အစပ်များလွန်းတဲ့စားအစာများ၊ အရက်၊ ကာဗွန်နိတ်ဖျော်ရည်များကိုတော့ ရှောင်သင့်ပါတယ်။ ၊

ခန္ဓာကိုယ်ရေဓါတ်

ရေလုံလောက်စွာသောက်တာက ကျန်းမာတဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့နဲ့ Cellulite ကိုဖယ်ရှားဖို့ အဓိကသော့ချက်ပါ ။Lymph ကခန္ဓာကိုယ်ရဲ့အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကိုယ်ခံအားစနစ်ကို ထိန်းညှိတဲ့နေရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်တာကြောင့် lymph များဖွဲ့စည်ဖို့အတွက် တစ်နေ့ကို ရေ 2 လီတာခန့်သောက်သုံးပေးသင့်ပါတယ်။

ဇီဝဖြစ်ပျက်မှု

တချို့သော သဘာဝဖြည့်စွက်စာတွေက ရောင်ရမ်းခြင်းများကို ပျောက်ကင်းစေပြီး ခန္ဓာကိုယ်ရဲ့ပိုလျှံနေတဲ့ အရည်များကို ဖယ်ရှားပေးပါတယ်။ သံပရာသီးက ကျောက်ကပ်လုပ်ငန်းဆောင်တာကို နှိုးဆွပေးပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးတဲ့အပြင် အစာခြေစနစ်ကို ထိန်းညှိပေးပါတယ်။

မပြည့်ဝဆီ

သံလွင်ဆီနဲ့ ငါးဆီမှာ မပြည့်ဝဆီများ ကြွယ်ဝစွာပါဝင်ပြီးတာကြောင့် အဆီဇီဝဖြစ်ပျက်မှုကို ထိန်းညှိပေးကာ အသားအရေကို တင်းတင်းရင်းရင်းနဲ့ အစိုဓာတ်ကိုရစေပါတယ် ။ မနက်တိုင်း သံလွင်ဆီကို လက်ဖက်ရည်ဇွန်း တစ်ဇွန်း စားပြီး ငါးကိုတော့ တစ်ပတ်ကို အကြိမ်ပေါင်းများစွာစားဖို့ အကြံပြုချင်ပါတယ်။

လေ့ကျင့် ခ န်း

Cardio လေ့ကျင့်ခန်းတွေက အဆီကျစေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ခွန်အားဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေက ကြွက်သားများကို အားကောင်းစေပြီးအသားအရေကို လှပစေပါတယ် ။ ဒါကြောင့် တစ်ပတ်လျှင် 4 ကြိမ်မှ 5 ကြိမ် ပုံမှန်လေ့ကျင့်ပါ။

ရေပူရေအေး

ရေပူရေအေးနဲ့ နှိပ်နယ်ပေးတာက အရေပြားအတွင်း သွေးလည်ပတ်မှုကောင်းမွန်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး Cellulite ကို လျှော့ချပေးပါတယ်။ ဒါကြောင့် ရေချိုးနေတုန်းနဲ့ ရေစိမ်နေတုန်းစက်ဝိုင်းပုံစံ နှိပ်ပေးပါ။

ကြက်သားစားပါ

ကြက်သားမှာ အသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းဓာတ်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် တစ်ပတ်လျှင် ၂ ကြိမ်စားပေးသင့်ပါတယ်။