ပျိုမေတို့ အားလုံး မင်္ဂလာပါ။ ဒီတစ်ခေါက်မှာတော့ ပျော့အိပြီး ဖြောင့်စင်းတဲ့ ဆံသား ပိုင်ဆိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့ ထိန်းသိမ်းနည်းတွေကို ဖော်ပြပါရစေ။ ပျော့အိပြီး စိုပြေတဲ့ ဆံသားက သင့်အလှကို နှစ်ဆ ပိုလှသွားစေနိုင်ပါတယ်။ သင့်မျက်နှာကို ပိုနုတယ် ထင်ရစေပြီး သဘာဝဆန်ဆန် အလှကို ပိုင်ဆိုင်စေပါတယ်။ ဒါကြောင့်ပဲ မိန်းကလေးတိုင်းလိုလို ပျော့အိ ဖြောင့်စင်းတဲ့ Baby Hair လေးတွေကို လိုချင်ကြတာပါ။ ဒီတော့ ဖြောင့်စင်း ပျော့အိတဲ့ ဆံသားပိုင်ဆိုင်ဖို့ ပြုလုပ်န်ိုင်တဲ့ ရိုးရှင်းတဲ့ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်-

၁။ ခေါင်းဖြီး နူးညံ့တာမျိုးကိုသုံးပါ

အခုနောက်ပိုင်း ပျိုမေတို့ကြား ခေါင်းဖြီး ပုံစံအမျိုးမျိုး ပေါ်လာပါပြီ။ ခေါင်းဖြီးကိုမှ နူးညံ့တဲ့ အမျိုးအစားဖြစ်တဲ့ Soft Boar Bristle Brush ကို သုံးသင့်ပါတယ်။ နူးညံ့တဲ့ ခေါင်းဖြီးက သင့်ဆံသားကို ငြင်ငြင်သာသာ ထိတွေ့စေပြီး မပျက်စီးစေပါဘူး။

၂။ ရေအေးနဲ့ ခေါင်းလျှော်ပါ

ခေါင်းစလျှော်တည်းက ရေအေးသုံးစရာ မလိုပါဘူး။ ခေါင်းလျှော်ပြီးလို့ ရေနောက်ဆုံး တစ်ခွက် လောင်းခါနီးမှ ရေအေးကို သုံးပေးနိုင်ပါတယ်။ ရေအေးက သင့်ဆံသား အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ ဆံသားဖွာတာကို ကာကွယ်ပေးပြီး ဆံသားတောက်ပစေပါတယ်။

၃။ သဘတ်သုံးတဲ့အခါ

သင် ရေချိုးပြီးနောက် သုတ်နေကျ သဘတ်မျိုးကိုပဲ ဆံပင်မှာ တစ်ခါတည်း မသုံးသင့်ပါဘူး။ ဆံပင်သုတ်ဖို့ သဘတ်သပ်သပ် ထားသင့်ပါတယ်။ အဝတ်သဘတ် အသားမှာမှ Microfibre အသားက ဆံသားအတွက် အသင့်တော်ဆုံးပါ။

၄။ Hair Mask နဲ့ Hair Oil

Hair Oil ကို ဆံပင်အဖျားမှာ ပုံမှန်လိမ်းပေးရပါမယ်။ ဒါ့အပြင် Hair Mask ကို တစ်ပတ်မှာ အနည်းဆုံး တစ်ခါတော့ သုံးပေးသင့်ပါတယ်။ ဆံပင်ပေါင်းတင်တာ၊ အားသွင်းတာ ပုံမှန်လုပ်ပေးမှ သင့်ဆံသားက အရင်လို မပျက်စီးဘဲ ဖြောင့်စင်းပျော့အိလာမှာပါ။

Photo Source: Pinterest

By MyStyle Myanmar