လူတိုင်းစိတ်ညစ်တဲ့အချိန်ဆိုတာရှိတတ်ကြပါတယ်။ အဲ့ဒီအချိန်တွေမှာ ဘယ်အရာကမှ ပျော်ရွှင်အောင် မလုပ်ပေးနိုင်ဘူးဆိုပြီး တွေးမိနေတတ်ပြီး ကိုယ့်စိတ်ကို အမှောင်ချထားတတ်ကြပါတယ်။ စိတ်ပညာရှင်တွေကတော့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို အခုနည်းလေးတွေနဲ့ ပျော်ရွှင်အောင်ထားနိုင်ပါတယ်တဲ့။

ခံစားမှုပါတဲ့ သီချင်းလေးတွေကို နားထောင်ပါ

Photo : Freepik

စိတ်ညစ်တဲ့အချိန်မှာ အများစုက EDM တွေ၊ Heavy Metal လို ပေါက်ကွဲမှုပြင်းထန်တဲ့ သီချင်းတွေကို ပိုပြီး နားထောင်တတ်ကြပါတယ်။ ဒါပေမယ့် အဲ့လိုသီချင်းတွေထက် Adele ရဲ့ အလွမ်းအဆွေးသီချင်းတွေကို စိတ်နှစ်ပြီးနားထောင်လိုက်တာက သီချင်းထဲကို စိတ်နှစ်မျောသွားပြီး ကိုယ်စိတ်ညစ်နေတာတွေကိုတောင် ပျောက်သွားစေပါတယ်။

ပိုက်ဆံနဲ့ ပျော်ရွှင်မှုကို ဝယ်ကြည့်ပါ

Photo : Freepik

ငွေကြေးနဲ့ ပျော်ရွှင်မှုကို ဝယ်ယူလို့မရဘူးဆိုတာကို လူတိုင်းကြားဖူးကြမှာပါ။ ဒါပေမယ့် တခါတလေမှာတော့ ပိုက်ဆံကိုမကြည့်ပဲ ကိုယ့်အတွက်ကို ပျော်ရွှင်စေတဲ့အရာတွေကို ဝယ်ယူကြည့်ပါ။ ဒါက ကိုယ့်အတွက် အင်္ကျီ၊ ပိုက်ဆံအိတ်၊ စမတ်ဖုန်း၊ ကွန်ပျူတာ.. ဘာပဲဖြစ်ဖြစ်ပါ။ ကိုယ်လိုချင်တဲ့အရာတွေကို ငွေကြေးကို မချိန်ကြည့် ဝယ်ကြည့်လိုက်ပါ။

အမေ့ကို ဖုန်းဆက်ပါ

Photo : Freepik

ဒါကတော့ ကိုယ့်အတွက် စိတ်ပင်ပန်းနေတဲ့အချိန်၊ အလုပ်တွေအရမ်းပိပြီး အချိန်ပိုတွေ ဆင်းနေရတဲ့အချိန်တွေမှာ အလုပ်သင့်ဆုံးအရာပါ။ သင့်အနေနဲ့ အရမ်းပင်ပန်းနေပြီး ပျော်ရွှင်မှုဆိုတာမရှိတော့ဘူးလို့ ထင်နေကောင်းထင်နေနိုင်ပေမယ့် သင့်အမေနဲ့ မိနစ်ပိုင်းလောက် စကားပြောလိုက်တာက ပင်ပန်းမှုတွေကို ခတ္တပျောက်သွားစေပါလိမ့်မယ်။

ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေနဲ့ တွဲပါ

Photo : Freepik

သေချာတစ်ခုခုကို စဉ်းစားဆုံးဖြတ်တတ်တဲ့သူငယ်ချင်းတွေရှိတာက ကောင်းတဲ့အရာတစ်ခုပေမယ့် တစ်ခါတလေမှာတော့ ကိုယ့်အတွက်လည်း စိတ်ပင်ပန်းနေတဲ့အချိန်တွေမှာ ပျော်ပျော်နေတတ်တဲ့သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းလိုက်တာက သိသာတဲ့ကုစားမှုှုတစ်ခုပါ။

နောက်ပိုင်း အလည်သွားမယ့် ခရီးစဉ်အတွက် စိတ်ကူးယဉ်ပါ

Photo : Freepik

ဘယ်သူမဆို သွားကြည့်ချင်တဲ့ နေရာတစ်နေရာတော့ရှိပါတယ်။ တောင်တန်းတွေ၊ ကမ်းခြေ၊ ပင်လယ်ကြီးတွေ၊ Trekking Trip တွေ ဒါတွေကို တကယ်မဖြစ်လာခင် ကြိုတင်စိတ်ကူးယဉ်ပြီး စိတ်ကူးကြည့်ပါ။