[Zawgyi]
ဘယ္သူမဆို အဝတ္အစားအသစ္ေတြဝယ္တဲ့အခါ လက္ကိုင္အိတ္အသစ္ေတြဝယ္တဲ့အခါ အရည္အေသြးေကာင္းတာကိုပဲ လိုခ်င္ၾကတာေပါ့။ တကယ့္တကယ္က်ေတာ့ အဝတ္အစားေတြက တစ္ခါပဲဝတ္ရေသးတယ္ ေလွ်ာ္လိုက္ေတာ့ ၿပဲသြားတာေတြျဖစ္တတ္ပါေသးတယ္။ အဲ့ဒီအခါက် အဝတ္အစားဝယ္ဖို႔ ကုန္သြားတဲ့ပိုက္ဆံက ႏွေျမာစရာျဖစ္ကုန္တာေပါ့။
အဲ့ဒီလိုအရည္အေသြးညံ့တဲ့ ပစၥည္းေတြကို မဝယ္ဖို႔ကို အခုေဖာ္ျပမယ့္ နည္းလမ္းေတြကို လိုက္နာၾကရေအာင္။
၁။ ခ်ဳပ္႐ိုးကို ဆြဲဆန္႔ၾကည့္ပါ
အရည္အေသြးေကာင္းတဲ့ အဝတ္အစားေတြက ခ်ဳပ္႐ိုးခ်ဳပ္သား ထူထူထဲထဲရွိပါတယ္။ ဒါ့ေၾကာင့္ အရည္အေသြးေကာင္းတဲ့ ပစၥည္းဆို အပ္ေပါက္ရာေတြ ျမင္ရမွာမဟုတ္ပါဘူး။ ဒါေပမဲ့ အားႀကီးနဲ႔ ဆြဲမဆန္႔ဖုိ႔ သတိထားပါေနာ္။ ေတာ္ၾကာေန နဂိုကတည္းက အရည္အေသြးမေကာင္းတဲ့ အက်ႌက ကိုယ္လုပ္လုိက္မွ ၿပဲသြားတယ္ဆိုၿပီး ျပန္ေလ်ာ္ေနရပါဦးမယ္။
၂။ ဇစ္ပြင့္ေနေသာ အဝတ္အစားနဲ႔ အသံုးအေဆာင္မ်ား
ဇစ္ပြင့္ေနတဲ့ အဝတ္အစားက ဇစ္ပ်က္ေနတာပဲျဖစ္ျဖစ္ ဝယ္ၿပီးမွ ဇစ္ပ်က္သြားတာေတြ ျဖစ္ႏိုင္တာမို႔ ေတြေ႐ွာင္ၾကဥ္ပါ။
၃။ ခ်ည္သား စစ္ မစစ္ လက္နဲ႔ ဆုပ္ၾကည့္ပါ
လက္နဲ႔ စကၠန္႔အနည္းငယ္ခန္႔ ဆုပ္ၾကည့္လိုက္တဲ့အခါ ပံုပ်က္ၿပီး ေၾကမြသြားတယ္ဆိုရင္ မဝယ္ပါနဲ႔။ ဝယ္ၿပီးလို႔ တစ္ေခါက္ေလွ်ာ္ၿပီးတာနဲ႔ ေျခသုတ္ခံုလို ျဖစ္သြားတတ္လို႔ပါပဲ။
၄။ ခ်ဳပ္႐ိုးခ်ဳပ္သားနဲ႔ Pattern က အမ်ိဳးအစားတူရဲ႕လား စစ္ေဆးပါ
၅။ ခ်ဳပ္႐ိုးအနားသားက်ယ္တဲ့ အဝတ္အစားကို ေရြးခ်ယ္ပါ
ေဘာင္းဘီနဲ႔ စကပ္ေတြက ခ်ဳပ္႐ိုးအနားစ ၄ စင္တီမီတာခန္႔ရွိသင့္ၿပီး ဘေလာက္အက်ႌ၊ ရွပ္အက်ႌေတြကေတာ့ အနားစ ၂ စင္တီခန႔္ ရွိသင့္ပါတယ္။ ဘယ္ဘက္ကပံုအမွားလိုမ်ိဳး အနားစလံုးဝမရွိတဲ့ အဝတ္စားဆိုရင္ေတာ့ အနားေတာင္ အကပ္မခံပါနဲ႔ေတာ့။
၆။ ၾကယ္သီးေပါက္မ်ားကို စစ္ေဆးပါ
၇။ ဇစ္ရဲ႕အလ်ားနဲ႔ အဝတ္စရဲ႕အလ်ား တစ္ထပ္တည္းက်ပါေစ
ဂါဝန္၊ စကပ္ေတြမွာ တပ္ထားတဲ့ ဇစ္က အဝတ္စရဲ႕ အလ်ားနဲ႔ ထပ္တူက်ရမွာျဖစ္သလို အေရာင္ကလည္း တစ္ထပ္တည္း က်ရမွာပါ။
၈။ အားစိုက္ဆြဲပါ
အရည္အေသြးေကာင္းတဲ့ ပစၥည္းကေတာ့ ဘယ္ေလာက္ပဲ အားစိုက္ဆြဲဆြဲ ပံုမပ်က္ဘဲ တည္ရွိေနမွာပါ။
၉။ ေခါက္ထားတဲ့ ေနရာက အေရာင္နဲ႔ အိတ္ရဲ႕အေရာင္ တူမတူစစ္ပါ
ေခါက္ထားတဲ့ ေနရာက အေရာင္ ေဖ်ာ့ေနတာတို႔ အေရာင္ပိုရင့္ေနတာတို႔ဆို အရည္အေသြး မေကာင္းတဲ့ပစၥည္းျဖစ္လို႔ မဝယ္ပါနဲ႔။
၁၀။ အညႊန္းေသခ်ာဖတ္ပါ
ခ်ည္ထည္၊ ပိုးထည္နဲ႔ သိုးေမြးထည္ေတြက ဓာတုပစၥည္းေတြနဲ႔ ျပဳလုပ္ထားတဲ့ အဝတ္အစားေတြထက္ အရည္အေသြး ပိုမိုေကာင္းမြန္တာကေတာ့ ေျပာေနစရာလိုမွာမဟုတ္ပါဘူး။ ဒါေပမဲ့လည္း ၁၀၀ ရာခိုင္ႏႈန္း ခ်ည္သားစစ္စစ္ကေတာ့ ေရေလွ်ာ္ၿပီးတာနဲ႔ က်ံဳ႕သြားေတာ့တာပါပဲ။ ဒါ့ေၾကာင့္ Polyster တို႔ ႏိုင္လြန္တို႔ ၃၀ ရာခိုင္ႏႈန္းခန္႔ ေရာပါတာကို ေရြးခ်ယ္ဝယ္ယူပါ။
Source: Brightside.me
[Unicode]
ဘယ်သူမဆို အဝတ်အစားအသစ်တွေဝယ်တဲ့အခါ လက်ကိုင်အိတ်အသစ်တွေဝယ်တဲ့အခါ အရည်အသွေးကောင်းတာကိုပဲ လိုချင်ကြတာပေါ့။ တကယ့်တကယ်ကျတော့ အဝတ်အစားတွေက တစ်ခါပဲဝတ်ရသေးတယ် လျှော်လိုက်တော့ ပြဲသွားတာတွေဖြစ်တတ်ပါသေးတယ်။ အဲ့ဒီအခါကျ အဝတ်အစားဝယ်ဖို့ ကုန်သွားတဲ့ပိုက်ဆံက နှမြောစရာဖြစ်ကုန်တာပေါ့။
အဲ့ဒီလိုအရည်အသွေးညံ့တဲ့ ပစ္စည်းတွေကို မဝယ်ဖို့ကို အခုဖော်ပြမယ့် နည်းလမ်းတွေကို လိုက်နာကြရအောင်။
၁။ ချုပ်ရိုးကို ဆွဲဆန့်ကြည့်ပါ
အရည်အသွေးကောင်းတဲ့ အဝတ်အစားတွေက ချုပ်ရိုးချုပ်သား ထူထူထဲထဲရှိပါတယ်။ ဒါ့ကြောင့် အရည်အသွေးကောင်းတဲ့ ပစ္စည်းဆို အပ်ပေါက်ရာတွေ မြင်ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အားကြီးနဲ့ ဆွဲမဆန့်ဖို့ သတိထားပါနော်။ တော်ကြာနေ နဂိုကတည်းက အရည်အသွေးမကောင်းတဲ့ အင်္ကျီက ကိုယ်လုပ်လိုက်မှ ပြဲသွားတယ်ဆိုပြီး ပြန်လျော်နေရပါဦးမယ်။
၂။ ဇစ်ပွင့်နေသော အဝတ်အစားနဲ့ အသုံးအဆောင်များ
ဇစ်ပွင့်နေတဲ့ အဝတ်အစားက ဇစ်ပျက်နေတာပဲဖြစ်ဖြစ် ဝယ်ပြီးမှ ဇစ်ပျက်သွားတာတွေ ဖြစ်နိုင်တာမို့ တွေရှောင်ကြဉ်ပါ။
၃။ ချည်သား စစ် မစစ် လက်နဲ့ ဆုပ်ကြည့်ပါ
လက်နဲ့ စက္ကန့်အနည်းငယ်ခန့် ဆုပ်ကြည့်လိုက်တဲ့အခါ ပုံပျက်ပြီး ကြေမွသွားတယ်ဆိုရင် မဝယ်ပါနဲ့။ ဝယ်ပြီးလို့ တစ်ခေါက်လျှော်ပြီးတာနဲ့ ခြေသုတ်ခုံလို ဖြစ်သွားတတ်လို့ပါပဲ။
၄။ ချုပ်ရိုးချုပ်သားနဲ့ Pattern က အမျိုးအစားတူရဲ့လား စစ်ဆေးပါ
၅။ ချုပ်ရိုးအနားသားကျယ်တဲ့ အဝတ်အစားကို ရွေးချယ်ပါ
ဘောင်းဘီနဲ့ စကပ်တွေက ချုပ်ရိုးအနားစ ၄ စင်တီမီတာခန့်ရှိသင့်ပြီး ဘလောက်အင်္ကျီ၊ ရှပ်အင်္ကျီတွေကတော့ အနားစ ၂ စင်တီခန့် ရှိသင့်ပါတယ်။ ဘယ်ဘက်ကပုံအမှားလိုမျိုး အနားစလုံးဝမရှိတဲ့ အဝတ်စားဆိုရင်တော့ အနားတောင် အကပ်မခံပါနဲ့တော့။
၆။ ကြယ်သီးပေါက်များကို စစ်ဆေးပါ
၇။ ဇစ်ရဲ့အလျားနဲ့ အဝတ်စရဲ့အလျား တစ်ထပ်တည်းကျပါစေ
ဂါဝန်၊ စကပ်တွေမှာ တပ်ထားတဲ့ ဇစ်က အဝတ်စရဲ့ အလျားနဲ့ ထပ်တူကျရမှာဖြစ်သလို အရောင်ကလည်း တစ်ထပ်တည်း ကျရမှာပါ။
၈။ အားစိုက်ဆွဲပါ
အရည်အသွေးကောင်းတဲ့ ပစ္စည်းကတော့ ဘယ်လောက်ပဲ အားစိုက်ဆွဲဆွဲ ပုံမပျက်ဘဲ တည်ရှိနေမှာပါ။
၉။ ခေါက်ထားတဲ့ နေရာက အရောင်နဲ့ အိတ်ရဲ့အရောင် တူမတူစစ်ပါ
ခေါက်ထားတဲ့ နေရာက အရောင် ဖျော့နေတာတို့ အရောင်ပိုရင့်နေတာတို့ဆို အရည်အသွေး မကောင်းတဲ့ပစ္စည်းဖြစ်လို့ မဝယ်ပါနဲ့။
၁၀။ အညွှန်းသေချာဖတ်ပါ
ချည်ထည်၊ ပိုးထည်နဲ့ သိုးမွေးထည်တွေက ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားတွေထက် အရည်အသွေး ပိုမိုကောင်းမွန်တာကတော့ ပြောနေစရာလိုမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ၁၀၀ ရာခိုင်နှုန်း ချည်သားစစ်စစ်ကတော့ ရေလျှော်ပြီးတာနဲ့ ကျုံ့သွားတော့တာပါပဲ။ ဒါ့ကြောင့် Polyster တို့ နိုင်လွန်တို့ ၃၀ ရာခိုင်နှုန်းခန့် ရောပါတာကို ရွေးချယ်ဝယ်ယူပါ။
Source: Brightside.me