အခုခေတ်မှာ အချိန်တို အတွင်း ပိုလှလာစေဖို့၊ ဝိတ်ကျလာဖို့ စတဲ့ ဖြားယောင်း ဆွဲဆောင်မှု ကြော်ငြာတွေကို သင်ပိုတွေ့လာရမှာပါ။ ဒါပေမဲ့ ဒီအရာတွေက ရေရှည်မှာ သင့်အတွက် ပိုဆိုးစေနိုင်ပါတယ်။ ကျန်းမာရေး ကောင်းဖို့၊ အရွယ်တင် နုပျိုဖို့၊ အသားအရေ ကောင်းဖို့ စတာတွေက ပုံမှန် ပြုလုပ်လေ့ရှိတဲ့ အမူအကျင့်၊ အလေ့အထတွေပေါ် မူတည်သွားပါတယ်။ အချိန်ခဏ အတွင်း ရလာတဲ့ ရလဒ်က ခဏတာ အတွက်ပါပဲ။

အခုဖော်ပြထားတဲ့ နည်းလမ်းတွေကတော့ သင်ပုံမှန် လုပ်သွားသင့်ပြီး သင့်ကို နဂိုထက် ပိုလှလာ၊ ပိုကျန်းမာလာစေမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။

၁။ အသားအရေ အတွင်းထဲကနေ စိုပြေလာဖို့

ဘလူးဘယ်ရီသီးတွေက အက်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့ အသီးတွေပါ။ ဘယ်ရီသီးက အသားအရေ အတွင်းပိုင်းထိ ပျက်စီးမှု လျော့ပါးစေပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။ တစ်နေ့မှာ ဘလူးဘယ်ရီသီး တစ်ခွက် စားပေးသင့်ပါတယ်။

၂။ လေ့ကျင့်ခန်း ဘယ်နှစ်မိနစ် လုပ်ပါစေ ဒါက အကျိုးရှိပါတယ်

လေ့ကျင့်ခန်းက ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတာကို သိကြပေမယ့် စလုပ်ဖို့ ခက်ခဲတတ်ကြပါတယ်။ လေ့လာမှုတွေအရ ၃ မိနစ်ခန့် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပေးရုံနဲ့ ကျန်းမာရေး ပိုကောင်းစေတယ်လို့ ဆိုထားပါတယ်။

၃။ နေကာမျက်မှန်တပ်ပါ

သင့်မျက်လုံးနားက အသားအရေက အနူးညံ့ဆုံးထဲ ပါဝင်ပါတယ်။ အရေးအကြောင်းဖြစ်တာကို ကာကွယ်ဖို့ အပြင်ထွက်တိုင်း နေကာမျက်မှန် တပ်ပေးသင့်ပါတယ်။

၄။ နေ့ခင်းဘက် ခဏတဖြုတ်အိပ်ပါ

နေ့ခင်းဘက် အိပ်တာက အချိန်ဖြုန်းတယ်လို့ ထင်ရပေမယ့် ကျွမ်းကျင်သူတွေကတော့ နေ့ခင်းဘက် အိပ်စက်ခြင်းက သင့်လုပ်ဆောင်မှုကို ပိုကောင်းစေတယ်လို့ ဆိုထားပါတယ်။ နေ့ခင်းဘက် တစ်ရေးတမော အိပ်တာက အိုမင်းရင့်ရော်မှုကို လျော့ကျစေပါတယ်။

၅။ မျက်နှာကို ပုံမှန်နှိပ်နယ်ပေးပါ

အိမ်မှာပဲ လုပ်နိုင်တဲ့ Face Massage နည်းလမ်းတွေက သင့်အသားအရေကို ပိုကျန်းမာစေပြီး ပိုနုပျိုစေပါတယ်။ ဝက်ခြံထွက်တာ သက်သာစေခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း၊ အသားအရေ တောက်ပစေခြင်း စတဲ့ အကျိုးတွေကို ခံစားရမှာပါ။ သင့်မျက်နှာကို မနှိပ်နယ်ခင် လက်သေချာ ဆေးကြောသင့်ပြီး Oil, Serum တွေသုံးကာ နှိပ်နယ်ပေးနိုင်ပါတယ်။

၆။ ဆံပင်ကို ပုံမှန်တိပေးပါ

ဆံသား ပိုကျန်းမာပြီး ပိုလှလာဖို့ ဆံပင်ပုံမှန် တိပေးဖို့ လိုအပ်ပါတယ်။ ဆံပင်အမျိုးအစားအလိုက် Bang ထားတဲ့ သူဆိုရင် ၂ ပတ် ၁ ခါ တိသင့်ပြီး ဆံပင်ရှည်ဆိုရင် သုံးလကနေ ခြောက်လ အကြာမှာ ပြန်တိပေးသင့်ပါတယ်။

၇။ Vitamin C ပါတဲ့ Skincare သုံးပါ

Vitamin C ပါတဲ့ Skincare တွေက သင့်အသားအရေကို ပိုပြီး ချောမွေ့စိုပြေစေပါတယ်။

၈။ Skincare အဆင့်တွေကို ပုံမှန်လိုက်နာပါ

နေကာမျက်မှန်လိုသလိုပဲ Sunscreen ကိုလည်း ပုံမှန်လိမ်းဖို့ လိုပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ရိုးရှင်းတဲ့ Skincare အဆင့်ကတော့

– မျက်နှာသန့်စင်တဲ့အဆင့်
– Toner အဆင့်
– Serum or Moisturizer အဆင့်
– SPF Sunscreen အဆင့်တို့ ဖြစ်ပါတယ်။

၉။ ဖုန်းကို သန့်ရှင်းအောင်ထားပါ

မျက်နှာ အရေပြားကို သန့်ရှင်းရုံနဲ့ မလုံလောက်သေးပါဘူး။ သင့်မျက်နှာနဲ့ ထိတွေ့ရတဲ့ ဖုန်းမျက်နှာပြင်ကိုလည်း ပုံမှန်သန့်စင်ပေးသင့်ပါတယ်။

၁၀။ ဆံစသေးသေးလေးတွေ အတွက်

ဆံပင်စည်းလိုက်တဲ့အခါ ထွက်လာတဲ့ ဆံစသေးသေးလေးတွေကို ရှင်းလင်းဖို့ သွားတိုက်တံကို သုံးနိုင်ပါတယ်။ Hairspray ဒါမှမဟုတ် Lip Balm ကို သုံးပြီး ထောင်နေတဲ့ ဆံစတွေကို ဖိနိုင်ပါတယ်။

Source: Brightside

by MyStyle Myanmar