ကိုယ်အလေးချိန်လျှော့ချတယ်ဆိုတာ အလှပတစ်ခုတည်းအတွက်မဟုတ်ပါဘူး။ သာမန်ထက် ကိုယ်အလေးချိန်များလွန်းနေတာ၊ အဝလွန်နေတာဟာ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်စေလို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကို မျှဝေပေးချင်ပါတယ်။

၁။ စိတ်ဖိစီးမှုကိုလျှော့ချပါ

Source: Lifehack

စိတ်ဖိစီးမှုများတာဟာ အစားများများစားမိပြီး သင့်ကို အဝလွန်စေပါတယ်။ မဝတဲ့သူတွေတောင် အဆီတွေစုနေတတ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုများရင် ကိုယ်အလေးချိန်လျှော့ချဖို့လည်း ခက်ခဲပါတယ်။

၂။ အကောင်းဖက်ကတွေးပါ

ကိုယ်အလေးချိန်လျှော့ချနေတဲ့သူတွေအနေနဲ့ ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာရင် လွယ်လွယ်လက်လျှော့တတ်ကြပါတယ်။ အဲဒလိုလက်မလျှော့ဘဲ သင့်ပန်းတိုင်အတွက် အကောင်းဖက်ကတွေးပါ။ နည်းနည်းလေးပဲ အကျိုးထူးလာရင်တောင် ငါလုပ်နိုင်ပြီပဲ ဆိုပြီး ကိုယ့်ကိုကိုယ် အားပေးပါ။

၃။ သင်စားသုံးနေတဲ့ အစားအစာပမာဏကို လျှော့ချပါ

အလွန်အကျွံစားသုံးတာမျိုးရှောင်ပါ။ အစားကို အနေတော်ပဲစားပေးပါ။

၄။ အစီစဉ်ဆွဲထားပါ

Source: Fiverr

သင်ဘာလုပ်ပြီးရင်ဘာစားမယ်။ မနက် နေ့လည် ညနေ ဘာတွောစားမယ်ဆိုတာကို သေချာစီစဉ်ပါ။ အားလပ်ရက်မှာ လမ်းလျှောက်ထွက်တာ၊ အပြင်ထွက်လည်တာ၊ စက်ဘီးစီးတာမျိုးလုပ်ပေးပါ။

၅။ ချက်ပြုတ်တတ်အောင်သင်ယူပါ

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို ချက်ပြုတ်တတ်အောင်သင်ယူပါ။ ကိုယ့်ကိုကိုငယ် ချက်ပါ။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဟင်းလျာအသစ်တွေကို ချက်ပြုတ်စားပါ။

၆။ နည်းနည်းလေးနဲ့ ခဏခဏ စားနိုင်ပါတယ်

Source: MarketWatch

ခွက်သေးသေးထဲမှာ အစားအစာ နည်းနည်းပဲထည့်ပြီး တစ်နေ့ကို ၅ ကြိမ်လောက်စားနိုင်ပါတယ်။ စားတဲ့အခါမှာလည်း အသီးအရွက်များများထည့်စားပါ။

၇။ အစားမစားခင်ရေသောက်ပါ

သင့်ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်တာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။ ကိုယ်အလေးချိန်လျှော့ချနေသူတွေအနေနဲ့ အစာမစားခင် ၅ မိနစ်အလိုမှာရေတစ်ခွက်အပြည့်သောက်ထားလိုက်ပါ။

၈။ မနက်စာများများ၊ ညစာနည်းနည်းစားပါ

မနက်စာကို ပြည့်ပြည့်၀၀ စားပါ။ အာဟာရပြည့်ပြည့်၀၀ စားပေးရပါမယ်။ ညစာကို နည်းနည်းစားပါ။ မနက်စာမစားဘဲ နေတဲ့သူတွေဟာ အဝလွန်ရောဂါဖြစ်နိုင်ချေ ပိုများတယ်လို့ လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။

၉။ ပန်းတိုင်ချမှတ်ထားပါ

ရေရှည်ပန်တိုင် ရေတိုပန်းတိုင် ထားထားပါ။ ကိုယ်ဖြစ်ချင်တဲ့အတိုင်း လက်တွေ့လုပ်ပါ။ ဝိတ်တော့ကျချင်ပါတယ်။ အစားလည်းမလျှော့နိုင်ဘူး။ လေ့ကျင့်ခန်းလည်းမလုပ်နိုင်ဘူးဆိုရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ No Pain, No Gain ပါပဲရှင်။