ဝိတ်ချချင်ပေမယ့် ဝိတ်မကျရတဲ့ အဓိကအကြောင်းရင်းကတော့ သရေစာလေးတွေ တို့စိတို့စိစားမိတာပါပဲ။ မိတ်ဆွေသူငယ်ချင်း တစ်ယောက် ယောက်က ဒိုးနပ်စားမလား၊ ကွတ်ကီးစားမလာ၊ အိမ်က အမေမုန့်ထည့်ပေးလိုက်တယ် စားပါဦး။ စသဖြင့် သင့်ကို ဆွဲဆောင်ထားတဲ့ သရေစာလေး တွေက အများသားလေ။ ဘယ်သူမှမကျွေးရင်တော့ တတွတ်တွတ် ဝယ်စားမိနေတာကိုး။

မိန်းကလေးတွေကတော့ ကိုယ်အလေးချိန် တက်တာလည်း မြန်သလို၊ ကျတာလည်းမြန်ပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းလေးတွေနဲ့ အဆင်ပြေပါတယ်။

၁။ အမျှင်ဓာတ်များများစားပါ။

အမျှင်ဓာတ်ပါတဲ့ အစားအစာများများစားပေးတာဟာ သင့်ခန္ဓာကိုယ်အတွင်းက ကယ်လိုရီကို အကောင်းဆုံး ရှင်းထုတ်နည်းတစ်ခုပါပဲ။ အမျှင်ဓာတ်ပါတဲ့ အသီးအနှံများများစားပါ။

၂။ ကာဘွန်ဟိုက်ဒရိတ်ဓာတ်စားသုံးမှုကိုလျှော့ချပါ။

ကာဘွန်ဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေစားသုံးမှုကို လျှော့ချပါ။ အာလူး၊ ထောပတ်၊ ခရင်မ်၊ ပေါင်မုန့် စတဲ့အစားအစာတွေကို လျှော့စားပါ။

၃။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အဆီစားပါ

တချို့က ဝိတ်ချရင် အဆီလုံးဝမစားတော့တာမျိုး လုပ်တတ်ပါတယ်။ အဲဒီလိုမလုပ်ရပါဘူး။ သင့်ခန္ဓာကိုယ်အတွက် အာဟာရမျှတစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီစားပေးသင့်ပါတယ်။

၄။ လေ့ကျင့်ခန်းလုပ်ပါ

မနက်စောစောပဲဖြစ်ဖြစ်၊ ညနေဘက်ပဲဖြစ်ဖြစ် လမ်းလျှောက်ပေးတာမျိုး လုပ်သင့်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူတူ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့ အားကစားအသင်းတွေထဲ အဖွဲ့ဝင်လုပ်ထားလိုက်ပါ။ အပြင်းအထန်လေ့ကျင့်ခန်းလုပ်ရမယ်လို့ မဆိုလိုပါဘူး။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။

၅။ သရေစာကို သေချာရွေးချယ်ပါ

ကိုယ်ကသရေစားစားတတ်တဲ့သူဆိုရင် ကိုယ်အလေးချိန်မတက်စေတဲ့ ပေါ့ပေါ့ပါးပါး သရေစားလေးတွေစားပေးသင့်ပါတယ်။

၆။ ခွက်သေးသေးနဲ့စားပါ

သင်အမြဲစားနေကျ ပန်းကန်ကို ပြောင်းပြီး စားလိုက်ပါ။ ခွက်သေးသေးထဲမှာ ထမင်းနည်းနည်း အသားနဲ့ အဆီနည်းနည်းနဲ့ချက်ထားတဲ့ အသီးအရွက်တွေ ထည့်စားပါ။

၇။ ကိုယ်တိုင်ချက်စားပါ

ကိုယ်တိုင်ချက်စားတာဟာ ကျန်းမာရေးနဲ့ ပိုပြီး ညီညွှတ်သလို၊ ဟင်းနှံ့တွေနဲ့ ဗိုက်ပြည့်နေတတ်တာမို့ သင့်ကို အစားများများစားမိခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

၈။ ရေများများသောက်ပါ

တစ်နေ့တာလုံးအတွက် ရေကို အနည်းဆုံး ၈ခွက်သောက်ပေးပါ။ အစာမစားခင် ၁၅ မိနစ်အလိုရေသောက်ပေးပါ။

၉။ ဇွဲမလျှော့ပါနဲ့

ဝိတ်ချတာ နင်တော့မဖြစ်နိုင်ပါဘူးလို့ ဘေးကလူတွေ ပြောလာတိုင်း ဇွဲမလျှော့ပါနဲ့။ အားမငယ်ပါနဲ့။ သင်လက်ရှိလုပ်နေတဲ့အပေါ်မှာ အာရုံစိုက်ပါ။ တခါနှစ်ခါလုပ်ပြီး တော်ပါပြီ ဘာမှလည်းမထူးဘူးဆိုပြီး မလုပ်ပါနဲ့။