တစ်ခါတစ်လေ စိတ်မကြည်လင်တာတွေ၊ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေတာမျိုးတွေနဲ့ ကြုံတွေ့ရတဲ့ဲ့နေ့ရက်မျိုးတွေလည်း ရှိတတ်ကြပါတယ်။ အဲ့ဒီနေ့ရက်မျိုးတွေဆို စိတ်ကိုရောလူရောပါ တကယ့်ကိုဖိစီးမှုတွေများပြီး ဘာလုပ်လုပ် အဆင်မပြေမှုတွေက ပိုများနေတတ်ပါတယ်။ဒါကြောင့် လန်းလန်းဆန်းဆန်းနဲ့ လှပတဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းတွေက အသုံးဝင်မယ်လို့ထင်ပါတယ်။

စိတ်မကြည်လင်တဲ့အချိန်မှာပဲ့ဖြစ်ဖြစ် စိတ်ဖိစီးမှုများနေတဲ့အချိန်မျိုးတွေမှာပဲ့ဖြစ်ဖြစ် ဒီအရာလေးတွေကို လုပ်ပေးခြင်းဖြင့် လန်းဆန်းတက်ကြွတဲ့ နေ့ရက်လေးတွေကို ပြန်လည်ပိုင်ဆိုင်လိုက်ကြရအောင်….

Fake Smile လုပ်တတ်ဖို့လိုပါလိမ့်မယ်။ စိတ်မကြည်နေတာတွေကို လျော့နည်းသွားစေဖို့ဆိုရင် ပြုံးဖို့လိုပါတယ်နော်။ ပြုံးဖို့ဆိုတာကလည်း စိတ်မကြည်လင်နေမှတော့ မလွယ်ကူဘူးလေ။ ဒါကြောင့် ဖန်တီးပြီးရယ်တာမျိုးက ပိုပြီးတော့အဆင်ပြေစေမှာပါ။ နည်းနည်းလောက်ပဲဖြစ်ဖြစ် ပြုံးလိုက်တဲ့အချိန်မှာတော့ ဦးနှောက်ကိုလည်းလန်းဆန်းသွားစေပြီး စိတ်ကိုလည်းကြည်လင်လာစေမှာပဲဖြစ်ပါတယ်။

Fake Smile လုပ်ဖို့ခက်ခဲနေတယ်ဆိုရင်တော့ ဘောပင်တစ်ချောင်းကို ပါးစပ်နဲ့ကိုက်ပြီး ပြုံးနေတဲ့ပုံမျိုးလုပ်ပေးလိုက်ပါ။ ဒီလိုလုပ်တာက သင့်ကိုရယ်စရာကောင်းနေပြီး စိတ်ကိုလည်းပေါ့ပါးလန်းဆန်းသွားစေတာကြောင့် စိတ်မကြည်လင်နေရင် လုပ်သင့်တဲ့နည်းလမ်းတစ်ခုပေါ့။

လိုချင်တာတစ်ခုခုကိုဝယ်လိုက်ပါ။ ဒါကလည်း စိတ်ကိုလန်းဆန်းသွားစေမယ့် နည်းလမ်းလို့ပြောလို့ရပါတယ်။ ဈေးကြီးတာမျိုးတွေကိုပဲ မဆိုလိုပါဘူး။ ဈေးလည်းတန်ပြီး လိုချင်တဲ့စိတ်ရှိတဲ့ ပစ္စည်းမျိုးကိုပိုင်ဆိုင်လိုက်ရမယ်ဆိုရင်လည်း စိတ်ကိုလန်းဆန်းသွားစေပြီး စိတ်ညစ်နေတာတွေကိုလည်း လျော့နည်းသွားစေမှာပါ။

စိတ်ကြည်လင်သွားအောင် အနားယူအပန်းဖြေတာမျိုး လုပ်ပေးလို့လည်း ရပါတယ်နော်။ စိတ်ကိုလန်းဆန်းစေမယ့် အကြိုက်ဆုံးသီချင်းတစ်ပုဒ်ကို နားထောင်ပေးတာမျိုး၊ မြူးကြွတဲ့သီချင်းတွေကို နားထောင်ပြီး လိုက်ဆိုတာမျိုးတွေက စိတ်ကိုလန်းဆန်းသွားစေမယ့် အခြေခံအကြောင်းတရားတွေပေါ့။