Stress ကတော့ လူတိုင်းမှာရှိတာပါပဲ။ ဒါပေမယ့် နေတတ်ရင်ပျော်စရာဆိုတဲ့ စကားအတိုင်းပဲ ကိုယ့်စိတ်ကိုသာ ပြောင်းလဲနိုင်ရင် ကိုယ်သာနေတတ်ရင် Stress ရှိနေလည်း စိတ်သက်သာရာရပြီး ပျော်ရွှင်နေမှာပါပဲ။ ဒါကြောင့် Stress မရှိတဲ့တစ်နေ့တာကိုပိုင်ဆိုင်ဖို့ သင်ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ ရိုးရှင်းသောအရာတွေကို ပြောပြပေးလိုက်ပါတယ်။

Overthinking မဖြစ်ပါနဲ့

မရှိတဲ့ Stress ကိုတောင် ရှိလာအောင် တွန်းပို့နိုင်တာက Overthinking ဖြစ်ခြင်းပါပဲ။ ဒါကြောင့် လုံးဝ Overthinking မဖြစ်ပါစေနဲ့။ Overthinking ဖြစ်ရင် မကောင်းတဲ့အတွေးတွေ၊ ဝမ်းနည်းစရာတွေ၊ စိတ်ဓာတ်ကျစရာတွေကိုပဲ တွေးနေမိပြီး Stress တွေပိုများလာမှာပါ။

အကောင်းတွေပဲတွေးပါ

မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်ထဲက ကိုယ့်ရဲ့တစ်နေ့တာမှာ အကောင်းတွေကိုပဲတွေးပါ။ အပြုံးနဲ့စတင်ပြီး စိတ်ကြည်ကြည်လင်လင်နဲ့ အရာရာကို အကောင်းမြင်ပြီး အကောင်းဘက်ကနေပဲ တွေးကြည့်ပါ။ စိတ်ပေါ့ပါးပြီး စိတ်ချမ်းသာမှုကို ရရှိစေပါတယ်။

တရားထိုင်ပါ

နေ့တိုင်းတရားထိုင်ပေးရင် စိတ်တည်ငြိမ်ပြီး ကိုယ့်စိတ်ကိုလည်း ထိန်းချုပ်နိုင်လာပါမယ်။ Stress တွေလည်း လျော့ကျစေပြီး စိတ်ပျော်ရွှင်အေးချမ်းမှုကို ရရှိစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့တစ်နေ့တာမှာ တရားထိုင်ဖို့အချိန်ကို အနည်းဆုံး နာရီဝက်ပေးသင့်ပါတယ်။

ကိုယ်လုပ်ချင်တဲ့အရာတွေကိုအချိန်ပေးပါ

လူတိုင်းက ကိုယ်လုပ်ချင်တာတွေ လုပ်နေရရင် ကျေနပ်ပြီး ပျော်ရွှင်နေတာပါပဲ။ ဒီတော့ ကိုယ့်ကိုယ်ကိုပျော်အောင်ထားပါ။ ကိုယ်လုပ်ချင်တဲ့အရာတွေကို အချိန်ပေးပြီးလုပ်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုဦးစားပေးပြီး ပိုချစ်ပါ။

Toxic ဖြစ်စေတဲ့သူတွေနဲ့ဝေးဝေးနေပါ

Stress ကင်းစင်တဲ့တစ်နေ့တာကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကိုယ့်ရဲ့တစ်နေ့တာမှာ Toxic ဖြစ်နေတဲ့သူတွေနဲ့ ဝေးဝေးနေပါ။ Toxic ဖြစ်စေတဲ့သူတွေနဲ့နေရင် အကြည်ဓာတ်လျော့ကျပြီး စိတ်ညစ်နွမ်းစေတယ်၊ စိတ်ဖိစီးစေပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးဝမှ စိတ်ကြည်လင်ပြီး တက်ကြွလန်းဆန်းနေမှာပါ။ အရာရာအဆင်ပြေနေပေမယ့်လည်း အိပ်ရေးမဝလို့ စိတ်မကြည်ဘူး၊ ခေါင်းမကြည်ဘူးဆိုရင် စိတ်တိုဒေါသထွက်လွယ်ပြီး အလုပ်လုပ်ရတာလည်း အဆင်မပြေ၊ စာလုပ်ရတာလည်း အဆင်မပြေနဲ့ Stress တွေပိလာမှာပါ။ ဒါကြောင့် စောစောအိပ်၊ စောစောထတဲ့ အကျင့်လုပ်ပြီး အိပ်ရေးဝအောင်အိပ်ပါ။