နေ့တိုင်းစိတ်ကြည်လင်ပြီး ပျော်ရွှင်အောင် မနက်အိပ်ယာနိုးချိန်ကစပြီး ဒါလေးတွေကို ပုံမှန်လုပ်သွားပေးပါ။ ရိုးရှင်းလွယ်ကူပြီး ထိရောက်တဲ့အရာတွေပါ။

မနက်ကိုနောက်ကျမှ အိပ်ယာမထပါနဲ့။ စောစောထပါ။

အိပ်ယာနိုးတာနဲ့ မျက်နှာသစ်၊ ရေချိုးပါ။ ဒါမှ လန်းဆန်းသွားမှာပါ။

မနက်စာစားပါ။ မနက်စာကို ဘယ်တော့မှ အလွတ်မခံပါနဲ့။ အာစာရပြည့်ဝတာစားပါ။

တရားထိုင်တာပဲဖြစ်ဖြစ် ယောဂကျင့်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။ စိတ်တည်ငြိမ်ပြီး အေးချမ်းစေပါတယ်။

စိတ်ညစ်စရာတွေကို ဘယ်တော့မှ ကြာကြာခေါင်းထဲမထည့်ပါနဲ့။

တစ်နေ့တာကို ကိုယ်လုပ်ချင်တာတွေလုပ်ပြီး ပျော်ရွှင်စွာဖြတ်သန်းပါ။

ဟာသတွေကြည့်ပါ။ ပျော်စရာတွေ ဖန်းတီးပါ။

ကိုယ့်အပေါ်ကောင်းတဲ့သူ၊ ချစ်တဲ့သူတွေနဲ့ပဲ အချိန်ကုန်ဆုံးပါ။

ကိုယ့်အတွက် မကောင်းတဲ့သူတွေကို အနားမှာမထားပါနဲ့။ သူတို့တွေ အနားမှာရှိနေရင် အပြည့်အဝပျော်ရမှာ မဟုတ်ပါဘူး။
စာအုပ်ဖတ်ပါ။ မပျင်းပါနဲ့။ စာအုပ်ဖတ်တာက ကိုယ့်အတွက် အများကြီး အကျိုးရှိစေပါတယ်။ ဗဟုသုတရတယ်။ စိတ်ခွန်အားရတယ်။ စိတ်တည်ငြိမ်စေတယ်။

ညဘက်ကို စောစောအိပ်ပါ။ နောက်ကျတဲ့အထိမနေပါနဲ့။ ညဘက်စောစောအိပ်မှ မနက်စောစောထနိုင်မှာပါ။ ဒါမှလည်း တစ်နေကုန် စိတ်ကြည်လင် လန်းဆန်းနေမှာပါ။

photo source: www.freepik.com