အသားအရေ ပျော့တွဲခြင်း (Cellulite) က အမျိုးသမီးအများစုမှာ တွေ့ရပါတယ်။ ရုတ်တရက် ဝလာတာမျိုး၊ ရုတ်တရက် ပိန်သွားတာမျိုး၊ခန္ဓာကိုယ် ဖွံ့ဖြိုးလာတဲ့အခါမျိုးမှာ တွေ့ရပါတယ်။ အဓိကအားဖြင့် တင်နဲ့ ပေါင်တံမှာ ဖြစ်လေ့ရှိပါတယ်။

အဲဒီလို အသားအရေ ပျော့တွဲတာဟာ အလှအပကြိုက်တဲ့ ပျိုမေတို့အတွက်တော့ စိတ်ရှုပ်စရာပါ။ ဒါ့ကြောင့် ဘယ်လိုနည်းလမ်းတွေနဲ့ အဖြေရှာရမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ ဆားရေနဲ့ ရေစိမ်ပါ

ရေချိုးကန်ထဲမှာ ရေနွေးနဲ့ ဆားရောပြီး စိမ်ပေးပါ။ ပြီးရင် ညင်သာစွာ နှိပ်နယ်ပေးပါ။ မိနစ် ၃၀ လောက်ထိ စိမ်ပေးသင့်ပါတယ်။ တစ်ပတ်ကို ၁ ကြိမ်စိမ်ပေးပါ။

၂။ သဘာ၀ ပစ္စည်းလေးတွေနဲ့ ချေးချွတ်ပါ

ဆား ၁ ခွက်၊ သံလွင်ဆီ ခွက် ၄ပုံ၁ပုံရောပြီး အသားအရေ ပျော့တွဲတဲ့နေရာမှာ လိမ်းပေးပြီး ညင်သာစွာ နှိပ်ပေးပါ။ နောက်တမျိုးကတော့ ကော်ဖီမှုန့်အကြမ်း ၁ ခွက်၊ သကြား (သို့) ဆား ၁ ခွက် နဲ့ သံလွင်ဆီ နည်းနည်းထည့်ပြီး လုပ်ပေးလည်းရပါတယ်။ အသားအရေ ပျော့တွဲတဲ့နေရာမှာ လိမ်းပေး၊ နှိပ်နယ်ပေးပြီး ၁၀ မိနစ်လောက်ထားကာ ရေဆေးချပါ။

၃။ လေ့ကျင့်ခန်းလုပ်ပါ

အသားအရေ ပျော့တွဲတာကို တိုက်ဖျက်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်လက်လေ့ကျင့်ခန်းနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေ စားပေးဖို့လိုပါတယ်။ Cardio ကစားပေးတာ၊ တင်နဲ့ ပေါင်တံအတွက်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းလုပ်ပေးပါ။

၄။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားစာနဲ့ ရေသောက်ပါ

ပိုစားရမယ့်အစားအစာ- ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ Fatty Acids, စတာတွေကို စားပေးပါ။ ဥပမာ ကြက်သား၊ ပန်းမုန်လာစိမ်းတွေမှာ ပရိုတင်းဓာတ်ပါဝင်ပါတယ်။ အသီးအနှံစားပါ။

လျှော့စားရမယ့်အစားအစာ- ဆားငန်တဲ့အစားအစာ၊ ဆား၊ အချို၊ အမြန်စားအစားအစာ၊ အသင့်စားအစားအစာ၊ အရက်။

အသားအရ ပျော့တွဲခြင်းကို တိုက်ဖျက်ပေးမယ့် အကောင်းဆုံး အစားစာများ- ငှက်ပျောသီး၊ နေကြာစေ့၊ ဂျင်း၊ သံလွင်ဆီ၊ ဂေါ်ဖီထုပ်၊ ထောပတ်သီး၊ ကြက်ဥ

ရေသောက်ပါ- တစ်နေ့ကိုအနည်းဆုံး ရေ ၁ လီတာခွဲကနေ ၂ လီတာထိ သောက်ပေးပါ။ ရေသောက်တာဟာ အသားအရေကိုလည်း လှစေမှာဖြစ်ပါတယ်။

၅။ ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးနိုင်တဲ့အစားအစာစားပါ

ရေတစ်ခွက်၊ သံပုယိုသီးတစ်ခြမ်းအရည်ညှစ်ပါ၊ ဂျင်းတစ်ခြမ်းတောက်တောက်စဉ်းပါ။ ပြီးရင် မွေပြီး သောက်ပေးပါ။

၆။ ရေနွေးနွေးနဲ့ ရေချိုးပါ

ရေကို ပူအောင်လုပ်အောင် အပူလျှော့ပြီး အေးအောင်လုပ်လိုက် (အပူတလှည့်၊ အအေးတလှည့်) လုပ်ပေးပြီး ရေချိုးပေးမယ်ဆိုရင် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး အသားအရေလှစေမှာဖြစ်ပါတယ်။ ၁၀ မိနစ်လောက် အဲဒီလိုရေချိုးပါ။