ဆံပင်အရှည်နဲ့ကောင်မလေးတွေအတွက် အပူဒဏ်သက်သာစေမယ့် ဆံပင်ပြင်ဆင်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ပုံစံလေးတွေဖြစ်တာကြောင့် မိန်းကလေးတိုင်း သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။

ဆံပင်ကို ထိပ်ကနေစယူပြီး ကျစ်ဆံပြီးကျစ်တာလေးဆိုရင် ဆံပင်အရှည်နဲ့ကောင်မလေးတွေနဲ့ အရမ်းကိုလိုက်ဖက်ပါတယ်။ ကပိုကယိုလေးနဲ့ကို လှနေတာမျိုးပါ။ ပူပြင်းတဲ့အချိန်မှာ အပြင်သွားမယ်ဆိုရင်လည်း ဒီလိုဆံပင်ပြင်ဆင်ပုံလေးက အပူဒဏ်သက်သာစေပါတယ်။

ဆံပင်ကို နှစ်ဖက်ခွဲပြီး ကျစ်ဆံမြီးကို ဆံပင်ထိပ်ကနေယူကျစ်တာမျိုးလေးကျတော့ လူငယ်ဆန်ဆန်လေး၊ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ပူပြင်းတဲ့အချိန်၊ နေပူထဲသွားတဲ့အချိန်တွေမှာဆိုလည်း သပ်သပ်ရပ်ရပ်လေးနဲ့ အပူဒဏ်တော်တော်ကို သက်သာစေတဲ့ ဆံပင်ပြင်ဆင်ပုံမျိုးပါ။

ဆံပင်ပြင်နေဖို့ အချိန်မရှိတဲ့သူတွေကတော့ ဆံပင်ကို သေချာသပ်သပ်ရပ်ရပ်လေးနဲ့ အမြင့်လေးသာစည်းထားလိုက်ပါ။ သပ်သပ်ရပ်ရပ်လေးနဲ့ မျက်နှာလေးရှင်းပြီး လှနေမှာပါ။ ရာသီဥတုပူတဲ့အချိန်မှာ အပြင်သွားမယ်ဆိုရင် အချိန်မပေးနိုင်တဲ့နေ့တွေမှာ ဒီဆံပင်ပုံစံလေးက အဆင်အပြေဆုံးပါပဲ။

ကျစ်ဆံမြီးကိုမှ ဆံပင်ထိပ်ကနေစပြီး မကျစ်တတ်တဲ့သူတွေကတော့ ဒီလိုလေးကျစ်လို့ရပါတယ်။ ဒီဆံပင်ပုံစံလေးဆိုရင်လည်း ကပိုကယိုလေးနဲ့ လှနေမှာပါ။ ပူပြင်းတဲ့အချိန်တွေ၊ နေပူထဲထွက်တဲ့အချိန်တွေမှာ ခေါင်းကိုက်တတ်တဲ့သူတွေအတွက်တော့ ဒီလိုကျစ်ဆံမြီးကို လျော့လျော့လေးကျစ်ထားတာက အဆင်ပြေပါလိမ့်မယ်။

အရမ်းပူတတ်တဲ့သူတွေ၊ စိတ်ရှုပ်မခံချင်တဲ့သူတွေကတော့ နေပူထဲထွက်တဲ့အချိန်၊ ရာသီဥတုပူနေတဲ့အချိန်တွေမှာ ဆံပင်ကို ဒီလိုအမြင့်လေးထုံးပြီး ပုဝါလေးချည်လိုက်ပါ။ ဆံပင်တွေအားလုံး သိမ်းထားတာဖြစ်လို့ အပူဒဏ်လည်းသက်သာစေတဲ့အပြင် မျက်နှာလေးရှင်းပြီးတော့လည်း လှနေမှာပါ။ ပုဝါလေးချည်ထားတာဖြစ်လို့ လူကြီးဆန်တာမျိုးလည်း မဖြစ်တော့ပါဘူး။

လူငယ်ကောင်မလေးတွေဆိုရင်တော့ ဒီလို ဆံပင်ကိုနှစ်ဖက်ခွဲပြီး ဆံထုံးလေးထုံးလို့ရပါတယ်။ အပူဒဏ်လည်းသက်သာပြီး ချစ်ဖို့လည်းကောင်းတဲ့ ဆံပင်ပုံစံလေးဖြစ်နေမှာပါ။

Photo source: www.pinterest.com