ပျိုမေလေးတို့ရေ နေပူထဲအထွက်များလို့ အသားအရေတွေ ပျက်စီးပြီး စိတ်ညစ်နေပြီလား။ ပျက်စီးသွားတဲ့အသားအရေတွေကို ပြန်လည်အားဖြည့်ပေးဖို့အတွက် မကြာခဏပေါင်းတင်ပေးဖို့လိုပါတယ်။

အလှပြင်ဆိုင်မှာ ဈေးကြီးပေး ပိုက်ဆံအကုန်ခံပြီး ပေါင်းတင်မယ့်အစား မိမိအိမ်မှာပဲ သဘာဝနည်းလမ်းနဲ့ ပေါင်းတင်မယ်ဆိုရင်တော့ ပိုက်ဆံချွေတာရာလည်း ရောက်သလို လှပတဲ့အသားအရေလည်း ပိုင်ဆိုင်ပြီးသားဖြစ်သွားတာကြောင့် အခုဖော်ပြပေးမယ့်နည်းလမ်းလေးတွေကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ငှက်ပျောသီးဖြင့် ပေါင်းတင်ပါ

ငှက်ပျောသီးတစ်လုံးကို အခွံခွာပြီးနောက် အနှစ်များရအောင် ချေပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာမှ မျက်နှာသစ်ပေးလိုက်ပါ။

ပျားရည်ဖြင့် ပေါင်းတင်ပါ

ပျားရည်ကို မျက်နှာပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာတဲ့အခါ မျက်နှာသစ်ပေးလိုက်မယ်ဆိုရင် အသားအရေလေးက ကြည်လင်တောက်ပနေတာကို မြင်တွေ့ရပါလိမ့်မယ်။

သင်္ဘောသီးဖြင့် ပေါင်းတင်ပါ

သင်္ဘောသီးမှည့်အနည်းငယ်ကို အနှစ်များရအောင် ချေပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ မိနစ်အနည်းငယ် ကြာတဲ့အခါမှာတော့ မျက်နှာသစ်ပေးလိုက်လို့ရပါပြီ။ သင်္ဘောသီးမှာလည်း အသားအရေကို ကြည်လင်ဝင်းပစေတဲ့ ဂုဏ်သတ္တိများ ပိုင်ဆိုင်ထားပါတယ်။

ဒီနည်းလမ်းလေးတွေကို ပြုလုပ်ပြီးသွားပြီဆိုပေမယ့်လည်း နေပူထဲထွက်တဲ့အခါ ဦးထုပ်၊ ထီး၊ အင်္ကျီလက်ရှည်ဝတ်ခြင်း စတဲ့ အကာအကွယ်လေးတွေနဲ့ အပြင်ထွက်ဖို့တော့ လိုတယ်နော်။ ပျိုမေလေးတို့ရဲ့ အသားအရေတွေက နုနုနယ်နယ်လေးတွေ မဟုတ်ပါလားနော်။

Source: Stylecraze.com

By MyStyle Myanmar