အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဝမ်းဗိုက်ပူပူလေးက အဆီတွေကို အမှန်တကယ်ကျချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါတယ်နော်။

အခြေခံကျတဲ့ အချက် (၄) ချက်ကို လိုက်နာလိုက်ရုံနဲ့ သင့်ဗိုက်က အဆီတွေကို ကျစေမှာဖြစ်ပါတယ်နော်။

အဆင့် (၁) အစားအစာ

ကိုယ်စားမယ့်အစားအစာထဲမှာ သကြားနဲ့ ကာဘွန်ဟိုက်ဒရိတ် နည်းနိုင်သမျှ နည်းအောင်ကြိုးစားပါ။ ဆိုဒါကို ရေနွေး၊ ချိုတဲ့အစားအစာတွေကို အခွံမာသီးနဲ့ သစ်သီးတွေ၊ သကြားအစား ပျားရည် စသဖြင့် အစားထိုးပေးပါ။ အသီးအနှံနဲ့ အမျှင်ဓာတ် များများစားပါ။

အဆင့် (၂) ပိုနေတဲ့ကိုယ်အလေးချိန်ကိုလျှော့ချပါ

တစ်နေ့ကို မိနစ် ၃၀ လောက်ပြေးပါ။ လမ်းဖြည်းဖြည်း မှန်မှန်လျှောက်နိုင်ပါတယ်။

တစ်ပတ်ကို ရေ ၂-၃ ကြိမ်လောက်ကူးပါ။

စက်ဘီးစီးပါ။ တစ်ပတ်ကို ၂-၃ ကြိမ်ခန့်စီးပါ။

အဆင့် (၃) – ဝမ်းဗိုက်လေ့ကျင့်ခန်းလုပ်မယ်

အသက်အောင့်လေ့ကျင့်ခန်းလုပ်ပေးပါ။ အသက်ကို ပြင်းပြင်းရှူသွင်းပြီး ၁၅ – ၂၀ စက္ကန့်အထိ အောင့်ထားပါ။ ၁၀ ကြိမ်လုပ်ပါ။ တစ်နေ့ ၃-၄ ကြိမ်လုပ်ပါ။

Plank ထောက်ပေးပါ။ စက္ကန့် ၃၀ တစ်နေ့ကို ၂-၃ ကြိမ်ထောက်ပါ။

ဗိုက်ကအဆီတွေ အမှန်တကယ်ကျချင်ရင် လိုက်နာသင့်တဲ့ အဆင့် (၄) ဆင့်

အငဆ့် (၄) ကြွက်သားလေ့ကျင့်ခန်းလုပ်မယ်။

အိပ်ထမတင် လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက သင့်ဝမ်းဗိုက်က ကြွက်သားကို သန်မာလာစေမှာဖြစ်ပါတယ်။

ခြေထောက်ကို ၉၀ ဒီဂရီမတင်လိုက်၊ မချလိုက်လုပ်ပေးပါ။ တစ်နေ့ကို ၁၀ – ၁၅ ကြိမ်လုပ်ပါ။ ရက် (၃၀) လောက်ဆို သိသာလာလိမ့်မယ်နော်။

အပိုဆု

လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ရေအေးအေးနဲ့ရေချိုးပါ။ ရေချိုးလိုက်ရင် ကြွက်သားနာကျင်မှုကို သက်သာစေပါတယ်နော်။

Source: Brightside.me

By: MyStyle Myanmar

Featured Image Source: Power of Positivity