အားလုံးပဲမင်္ဂလာပါနော်။ အရေပြားဟာ ကျွန်မတို့လူသားတွေရဲ့ အကြီးမားဆုံးနဲ့ သိသာထင်ရှားဆုံး အရာတစ်ခုဖြစ်ပါတယ်။

အသားအရေ နုပျိုစိုပြေဖို့အတွက် အလှကုန်ပစ္စည်းအမျိုးမျိုးကို အသုံးပြုလေ့ရှိကြပါတယ်။

အသားအရေလှဖို့ဆိုရင်တော့ အလှကုန်ပစ္စည်းလေးတွေသာမကပဲ နေ့ရော၊ ညပါ သင့်အသားအရေကို ဂရုစိုက်ဖို့လိုသလို အစားအစာကိုလည်း ဂရုတစိုက်စားပေးဖို့လိုပါတယ်။

ဒါ့အပြင် နေရောင်ခြည်ထိတွေ့မှုကနေ ကာကွယ်ဖို့ သင့်အသားအရေနဲ့ သင့်တော်တဲ့ အလှကုန်ပစ္စည်းရွေးချယ်ဖို့လည်းလိုအပ်ပါတယ်။

ဒီတခါမှာတော့ သင့်ကိုပိုပြီးလှပစေမယ့် အသားအရေထိန်းသိမ်းနည်းလေးတွေကို ဒီကနေ့ မျှဝေပေးသွားပါမယ်။

၁။ တစ်နေ့ ရေ အနည်းဆုံး ၈ ခွက်ကနေ ၁၀ ခွက်အထိသောက်ပါ။ မနက်စောစော ရေနွေးထဲမှာ သံပရာရည်ညှစ်သောက်ပေးပါ။

၂။ ကြက်ဥအကာကို သင့်မျက်နှာပေါ်မှာလိမ်းထားပြီး မိနစ် ၂၀ လော်ကထားပါ။ အသားအရေက ပိုပြီးကြည်လင်လာမှာဖြစ်ပါတယ်။

၃။ ပျားရည်ကိုလည်း သင့်အသားအရေအတွက်သုံးနိုင်ပါတယ်။ ပျားရည်နဲ့ နှင်းဆီရည် ရောပြီး သင့်မျက်နှာပေါ်မှာလိမ်းပေးထားပါ။ ပြီးရင် မိနစ်အနည်းငယ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

၄။ အသားအရေခြောက်တဲ့သူကတော့ ပျားရည်၊ သံပယိုရည် နဲ့ ကွေကာအုတ်မှုန့် အကြမ်းကို ရောပြီး လိမ်းပေးလိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး မျက်နှာသစ်ချလိုက်ပါ။

Photo:www.febhow.com

၅။ မျက်ကွင်းညိုတာတို့ မျက်အိတ်ဖောင်းတာတို့အတွက် လက်ဖက်အိတ်ကို ရေနွေးနဲ့စိမ်ပြီးရင် အအေးခံလိုက်ကာ မျက်လုံးအောက်မှာကပ်ပေးပါ။ သခွားသီး အေးအေးလေးကိုလည်း ကပ်ပေးလို့ရပါတယ်။

၆။ အိပ်ရေးဝဝအိပ်ပေးပါ။

Source: www.blushbabe.com