အဆီပြန်တဲ့သူတွေက နွေရာသီမှာ အဆီပြန်တာ ပိုဆိုးလာပါတယ်။ ချွေးနဲ့ ဖုန်မှုန့်အညစ်အကြေးတွေနဲ့ မျက်နှာကအဆီပြန်တာနဲ့ အဆီဖုတွေ ခဏခဏထွက်လာပါလိမ့်မယ်။ ဒါကြောင့် အဆီပြန်တဲ့ oily skin တွေအတွက် နွေရာသီမှာလိုအပ်တဲ့ skincare တွေကို မျှဝေပေးလိုက်ပါတယ်။
Cleansing Water
အဆီပြန်တဲ့သူတွေက နွေရာသီမှာ cleansing balm တွေ၊ oil cleansing တွေမသုံးပဲ cleansing water ပဲ သုံးပေးသင့်ပါတယ်။
Facial Foam
Oily skin တွေအတွက်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးမျိုးကို ရွေးချယ်သင့်ပါတယ်။ နွေရာသီမှာ ဖုန်မှုန့် အညစ်အကြေးတွေက ပိုပြီးကပ်ညှိလွယ်တာကြောင့် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ပေးဖို့ မမေ့ပါနဲ့။
Toner
Toner ကတော့ လုံးဝကို skip လုပ်လို့မဖြစ်ပါဘူး။ နွေရာသီမှာ လိမ်းရတာ စေးကပ်မှုမရှိပဲ ပေါ့ပါးစေမယ့် hydrating toner မျိုးကို ရွေးချယ်သင့်ပါတယ်။ ကိုယ်က အဆီလည်းပြန်တယ်၊ အဆီဖုတွေလည်းရှိတယ်၊ တစ်ခါတစ်လေမှာ ဝက်ခြံတွေလည်း ထွက်တတ်တယ်ဆိုရင်တော့ tea tree toner မျိုးကို သုံးသင့်ပါတယ်။
Light Moisturizer
နွေရာသီမှာပူလို့ အဆီပြန်တဲ့သူဆိုတော့ ပိုပြီးအဆီတွေပြန်လာမှာစိုးလို့ဆိုပြီး moisturizer မလိမ်းတာက အရမ်းမှားပါတယ်။ ဘယ်လိုအသားအရေမျိုးမဆို၊ ဘယ်လိုရာသီဥတုမျိုးမှာပဲဖြစ်ဖြစ် moisturizer လိမ်းကိုလိမ်းရပါတယ်။ အဆီပြန်တဲ့သူတွေကတော့ နွေရာသီမှာ လိမ်းရတာ lightweight ဖြစ်တဲ့ moisturizer မျိုး gel moisturizer မျိုးကို ရွေးသုံးသင့်ပါတယ်။
Exfoliating
မျက်နှာမှာကပ်ညှိနေတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ၊ အဆီတွေအားလုံးကို သန့်စင်ပေးဖို့၊ ချွေးပေါက်ပိတ်တာမျိုးတွေ မဖြစ်စေဖို့အတွက် တစ်ပတ်တစ်ခါ exfoliating လုပ်ပေးဖို့လိုပါတယ်။ ဒါမှ မျက်နှာအသားအရေ ညစ်နေတာတွေလည်း သက်သာပြီး အသားအရေကြည်လင်စေမှာပါ။