မိန်းကလေးတိုင်းက အသားအရေလှချင်ကြပြီး အမြဲတမ်း နုပျိုနေတာကို အလိုရှိကြပါတယ်။ အသက် (၂၅) နောက်ပိုင်းရောက်တဲ့ထိတိုင်အောင် ကိုယ့်အသားအရေကို ဂရုမစိုက်ဖြစ်ဘူး။ ဖြစ်သလို ဆက်ပြီး နေနေမယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့ အသားအရေ တင်းရင်းစိုပြေလှပမှုတွေ၊ အရွယ်တင် နုပျိုမှုတွေကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ အသက် (၂၅)နှစ်မတိုင်ခင် ကိုယ့်အသားအရေကို အခုကတည်းက ဂရုစိုက်ထားချင်တဲ့ ပျိုမေလေးတွေ၊ အသက် (၂၅) နှစ်ကျော်လာသည့်တိုင် မြင်သူတကာ ငေးရတဲ့ အသားအရေပိုင်ရှင်လေးတွေ၊ နုပျိုမှုတွေ ပိုင်ဆိုင်ချင်တဲ့ အမျိုးသမီးလေးတွေအနေနဲ့ အသားအရေကို အခုအချိန်ကစပြီး ဂရုစိုက်သင့်ပါတယ်။

အသက် (၂၅) နောက်ပိုင်းမှာ အသားအရေမှာ အရေးအကြောင်းတွေက သိသိသာသာ ပေါ်လာပါတယ်။ ပြီးတော့ နေဒဏ် လေဒဏ် ရာသီဥတုဒဏ်တွေကြောင့်ရယ် နေရောင်ကာလိမ်းဆေး မလိမ်းတဲ့အတွက်ကြောင့်ရယ် မျက်နှာပေါ်မှာ တင်းတိတ်တွေ စွဲလာမယ်။ မှဲ့ခြောက်တွေ အမည်းစက်တွေ ဖြစ်လာမယ်။ အသားအရေတွေ ညိုညစ်လာမယ်။ ရာသီဥတု ပူပြင်းတဲ့နေ့တွေဆို အသားအရေဟာ ပုံမှန်နေ့တွေထက် ပိုမိုပြီး ပျက်စီးလွယ်ပါတယ်။ ဒီအခြေအနေတွေအားလုံးဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို အတားအဆီးမရှိ လက်ယက်ခေါ်နေသလိုပါပဲ။

အဲ့ဒီတော့ အရင်လို နုပျိုမှုတွေ ပြန်ရအောင် လက်ရှိနုပျိုမှုတွေကို ထိန်းသိမ်းထားနိုင်အောင် ဘယ်လိုမျိုး အသားအရေကို ဂရုစိုက်သင့်သလဲ။ မြန်မာအမျိုးသမီးတွေရဲ့ အသားအရေ ပြသနာတွေထဲမှာဆိုရင်လည်း ခုနက ပြောခဲ့တဲ့ အရွယ်မတိုင်ခင် အရေးအကြောင်းတွေ များလာတာ အမည်းစက်တွေ တင်းတိမ်တွေ စွဲတာ၊ အသားအရေ မညီညာတာ၊ ချွေးပေါက်ကျယ်တာတွေဟာလည်း အဓိကပါရှိနေတတ်ပါတယ်။ အသက်(၂၅) ကျော်လာတဲ့ အမျိုးသမီးလေးတွေအနေနဲ့ Skin Care သုံးတဲ့နေရာမှာလည်း ကိုယ့်အသက်အရွယ် အသားအရေနဲ့ လိုက်ဖက်မှုရှိပြီး အရေပြားကို အားဖြည့်ပေး၊ အစိုဓာတ်ကို ထိန်းသိမ်းပေး၊ အရေးအကြောင်းတွေ လျော့ချပေးတဲ့ skin care မျိုးတွေကို ရွေးချယ်သုံးစွဲပေးသင့်ပါတယ်။ OLAY Total Effects Day Cream နဲ့ Night Cream ကတော့ အသက် (၂၅) နှစ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေကို ကြိုတင်ကာကွယ်ချင်သူလေးတွေရော အသက် (၂၅) နှစ်ကျော်လာပြီး အရင်လို နုပျိုမှုတွေ ဆုံးရှုံးသွားမှာ စိုးရိမ်နေကြတဲ့ ပျိုမေတို့အတွက်ရော အရမ်းအဆင်ပြေစေတဲ့ Cream အမျိုးအစားပဲ ဖြစ်ပါတယ်။

OLAY Total Effects 7 in 1 Day Cream/Night Cream က Anti-Oxidance effect ကြွယ်၀တဲ့ Green Tea နဲ့ လုပ်ထားပြီးတော့ 7 in 1 ဆိုတဲ့အတိုင်း အသားအရေကို ထူးခြားကောင်းမွန်လာစေတဲ့ အဓိက အချက် (၇)ချက်ပါဝင်ပါတယ်။ အဲ့ဒါတွေကတော့ အရေးအကြောင်းကို လျော့ပါးစေတယ်။ နောက်ထပ် အရေးအကြောင်းတွေ ထပ်မဖြစ်အောင်လည်း ကာကွယ်ပေးကာ အသားအရောင် မညီညာတာတွေကိုလည်း ညီညာလာစေပါတယ်။ အမည်းစက်တွေကို သက်သာပျောက်ကင်း‌စေပြီး အရေပြားကိုချောမွေ့လာစေတယ်။ အသားအရေ ခြောက်သွေ့ခြင်းကနေ ကာကွယ်ပေးပြီး အသားအရေကို စိုပြေလာစေတယ်။ နောက်ပြီး အသားအရေ ညစ်နွမ်းနွမ်းဖြစ်နေရာကနေ မျက်နှာလေး လင်းလာစေရုံသာမက ချွေးပေါက်တွေကိုလည်း ကျဥ်းလာစေပါတယ်။

နောက်တစ်ခုက SPF 15 ပါတဲ့အတွက် နေလောင်ခံခရင်မ် သက်သက်ထပ်မလိမ်းချင်တဲ့နေ့တွေမှာလည်း OLAY Total Effects Day Cream တစ်မျိုးတည်းလိမ်းပြီး အပေါ်က မိတ်ကပ်ထပ်လိမ်းထားရုံနဲ့ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါတယ်။ အသက် ၂၅ ကျော်လာလို့ ကိုယ့်သားအရေကို ဆယ်ကျော်သက်လေးလို အမြဲတမ်း နုပျိုတင်းရင်းချင်တယ်ဆိုရင်တော့ OLAY Total Effects ကို စသုံးကြည့်ပါလို့ အကြံပေးချင်ပါတယ်။ ပျိုမေတို့ရဲ့ အသားအရေမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ အသားအရေဆိုင်ရာ ပြဿနာတစ်ခုခု ရှိနေတတ်ကြပါတယ်။ ဘယ်လောက်ပဲ အသားအရေ ကောင်းတဲ့သူပဲဖြစ်ဖြစ် အသက်အရွယ်ရလာလို့ အရေအကြောင်းနဲ့ အသားအရေတင်းရင်းမှု လျော့နည်းလာမှုကိုတော့ မဖြစ်မနေခံစားရမှာ ဖြစ်ပါတယ်။ OLAY Total Effects ကို နေ့ရော ညရော ပုံမှန်သုံးပေးမယ်ဆိုရင် အသားအရေ စိုပြေလာကာ သိသိသာသာ တင်းရင်းလာမယ်။ အရွယ်မတိုင်ခင် ဖြစ်လာတတ်တဲ့ အရေးအကြောင်း ပြဿနာကို ရှင်းပြီးသားလည်းဖြစ်မယ်။ နေ့တိုင်း မိတ်ကပ်လိမ်းနေရတဲ့ ပျိုမေတို့အတွက်လည်း OLAY Total Effect က အောက်ခံအနေနဲ့ စေးကပ်ကပ်ဖြစ်စေတာ၊ အပေါ်မှာ ချွဲချွဲကြီး ဖြစ်နေတာမျိုးတွေ မဟုတ်ဘဲနဲ့ အသားထဲထိ စိမ့်ဝင်ပြီး မိတ်ကပ်လိမ်းရင် ပိုပြီး မိတ်ကပ်သားတက်ကာ မျက်နှာလေး ပိုလင်းလာစေမှာဖြစ်ပါတယ်။

ကဲ ပျိုမေတို့ရေ OLAY Total effect Day Cream လေးကို နေ့တိုင်းပုံမှန်လိမ်း‌ပေးဖို့အတွက် ညဘက်မအိပ်ခင် မိတ်ကပ်တွေ ပြောင်အောင်ဖျက်ဖို့ မျက်နှာကို အရင်ဆုံးသန့်စင်ပါ။ ပြီးရင် OLAY Total Effect Night Cream လေးကို အောက်ကနေ အပေါ်ဘက်သို့ ပင့်တင်လိမ်း‌‌ပေးပြီး‌တော့ အိပ်လိုက်ပါ။ ဒီလိုမျိုး ‌နေ့တိုင်းပုံမှန်ဂရုတစိုက် သုံးစွဲပေးမယ်ဆိုရင်တော့ ၂၅ နှစ်ကျော်လာပေမယ့်လည်း မပျက်မစီးဘဲ ပိုလှလာမယ့်အပြင် ငယ်ငယ်တုန်းကလို နုပျိုတင်းရင်းမှုတွေကို ပြန်လည်ပိုင်ဆိုင်နိုင်ပါပြီနော်။