အသားခြောက်ပြီး ဝက်ခြံလည်းရှိတယ်ဆိုတဲ့ အသားအရေအတွက် ဝက်ခြံသက်သာစေဖို့ ရိုးရှင်းသော ကုသနည်းတချို့ကို မျှဝေပေးလိုက်ပါတယ်။ အသားခြောက်ရင်လည်း ဝက်ခြံတွေက ပိုဆိုးလာနိုင်တဲ့အတွက် အသားခြောက်တယ်ဆိုရင် ပိုပြီးဂရုစိုက်ပေးပါ။

Dry ဖြစ်တဲ့ ingredients တွေပါဝင်တဲ့ ပစ္စည်းတွေကိုရှောင်ပါ

 

အထူးသဖြင့် alcohol နဲ့ acetone ပါတာတွေက ဝက်ခြံတွေကို တိုက်ထုတ်ပေးနိုင်ပေမယ့် အသားခြောက်စေပါတယ်။ ဒါကြောင့် ဝက်ခြံလည်းရှိတယ်၊ အသားလည်းခြောက်တယ်ဆိုရင်တော့ ဒီလို product တွေကို ရှောင်သင့်ပါတယ်။ အဲ့တာတွေအစား အသားအရေကို အလွန်အကျွံခြောက်သွေ့မှုမဖြစ်စေပဲ ဝက်ခြံကုသတဲ့နေရာမှာလည်း ထိရောက်မှုရှိတဲ့ salicylic acid, tea tree oil နဲ့ niacinamide ပါဝင်တဲ့ product တွေကိုပဲ သုံးပေးပါ။

Moisturizing

 

Moisturizing က အရမ်းကိုအရေးကြီးပါတယ်။ အသားခြောက်တာပိုဆိုးလာရင် ဝက်ခြံကလည်း ပိုထွက်လာမှာပါ။ ဒါကြောင့် ချွေးပေါက်များပိတ်ဆို့တာမျိုးမဖြစ်ပဲ အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်တဲ့ moisturizer ကို နေ့စဉ်ပုံမှန်သုံးပေးပါ။ သုံးမယ့် moisturizer ထဲမှာ lanolin, mineral oil, petrolatum, coconut oil ပါတာတွေကို ရှောင်ရပါမယ်။

Overwashing မဖြစ်ပါစေနဲ့

Cleansing step က ဘယ်လိုအသားအရေ ထိန်းသိမ်းခြင်းမှာမဆို မရှိမဖြစ်လိုအပ်တဲ့အရာပါ။ Cleansing လုပ်ပေးတာက ဝက်ခြံဖြစ်စေနိုင်တဲ့ bacteria နဲ့ ယားယံခြင်းတွေကို ဖယ်ရှားပေးပေမယ့်လည်း လိုတာထက်ပိုပြီး overwashing ဖြစ်မယ်ဆိုရင်တော့ အသားအရေခြောက်သွေ့လာနိုင်ပါတယ်။

ရေများများသောက်ပါ

ရေများများသောက်ခြင်းက သင့်အသားအရေကို အတွင်းပိုင်းကနေ ရေဓာတ်ဖြည့်ပေးပါတယ်။ ဒါကြောင့် အသားခြောက်တဲ့သူတွေဆို ပိုပြီးသောက်သင့်ပါတယ်။ ရေဓာတ်ပြည့်ဝပြီး အသားအရေစိုပြည်နေရင် ဝက်ခြံတွေလည်း ပိုပြီး သက်သာလာစေပါတယ်။ Diet ထဲမှာလည်း ဖရဲသီး၊ သခွားသီးနဲ့ စတော်ဘယ်ရီလိုမျိုး ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အသီးအနှံတွေကို များများစားပေးပါ။