ဓာတ်ပုံရိုက်ရတာ ဝါသနာပါပေမယ့် ပို့စ်သိပ်မပေးတတ်ဘူးဆိုတဲ့သူတွေအတွက် Simple ဖြစ်တဲ့ ပို့စ်ပေးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ပို့စ်မပေးတတ်ရင် ဒီလိုလေးပဲရပ်ပြီး မျက်လွှာလေး အောက်ချထားပါ။ လက်က ဘယ်နားထားရမှန်းမသိရင် တစ်ဖက်က လွယ်ထားတဲ့အိတ်ရဲ့ ကြိုးလေးကို ကိုင်ထားလိုက်ပါ။

ပို့စ်သိပ်မပေးတတ်ရင်တောင်မှ ဒီလိုလေးထိုင်ပြီး စာဖတ်နေတဲ့ပုံလေးတော့ လုပ်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး လှပါတယ်။

ခြေထောက်နှစ်ချောင်းကိုယှက်ပြီး ဒီလိုလေး တစ်ဖက်ကိုကြည့်နေတဲ့ ပို့စ်လေးလုပ်ကြည့်ပါ။ မခက်ခဲပဲလှတဲ့ ပို့စ်လေးပါ။

ဒီလိုထိုင်နေတဲ့ပုံလေးဆိုရင် location လှလှလေးတွေမှာရိုက်ရင် ပိုလှပါတယ်။

ပို့စ်မပေးတတ်လည်း ဒီလိုလေးတော့ ထိုင်တတ်မှာပါ။ ဆွဲဆောင်မှုရှိပြီး အရမ်းလှတဲ့ ပို့စ်လေးပါ။

မတ်တပ်ရပ်ပြီး ကင်မရာကိုကြည့်နေပါ။ ခြေထောက်ကို ပုံထဲကအတိုင်းလေး လုပ်ထားပါ။ လက်တစ်ဖက်ကတော့ အိတ်ကိုကိုင်ထားပါ။ လုပ်ရတာလည်းမခက်သလို ချစ်ဖို့လည်းကောင်းတဲ့ ပို့စ်လေးပါ။

အနီးကပ်ရိုက်တဲ့အခါ ပို့စ်မလုပ်တတ်ရင် ဒီပို့စ်လေးကို try ကြည့်ပါ။ အရမ်းလွယ်ပါတယ်။

ဒီလိုပို့စ်လေးတွေဆိုရင် snap နဲ့တူပြီး ချစ်ဖို့ကောင်းပါတယ်။ အရမ်းလည်းမခက်ခဲတဲ့ ပို့စ်လေးတွေပါ။

ဘောင်းဘီအိတ်ကပ်နှစ်ဖက်ထဲ လက်ထည့်ပြီး အဝေးကိုကြည့်ကာ ပြုံးနေတဲ့ပုံလေး လုပ်ရိုက်ကြည့်ပါ။ Simple ဖြစ်ပြီး ချစ်ဖို့ကောင်းပါတယ်။

ဘေးနားမှာ နံရံတွေ၊ တိုင်တွေရှိရင် ဒီပို့စ်လေးကို try ကြည့်ပါ။ လှလည်းလှသလို လုပ်ရတာလည်း အရမ်းလွယ်ပါတယ်။

ဆံပင်သပ်နေတဲ့ ဒီလိုပို့စ်လေးတွေလည်း လုပ်ရိုက်ကြည့်ပါ။ အရမ်းလွယ်ပြီး simple ဖြစ်တဲ့ ပို့စ်ပေးနည်းတစ်ခုပါပဲ။

မတ်တပ်ရပ်ရိုက်မယ်ဆိုရင် ဒီလိုလေးလည်း ရိုက်ကြည့်ပါ။ မျက်နှာထားကို တည်တည်ထားလည်းလှသလို၊ ပြုံးရယ်နေလည်းလှတဲ့ ပို့စ်မျိုးဖြစ်ပါတယ်။

Photo source:www.pinterest.com