လက်သည်းနီဆိုးရတာဝါသနာပါတဲ့သူတွေအနေနဲ့ ပိုက်ဆံအများကြီးမကုန်အောင် ဆိုင်သွားစရာမလိုပဲ အိမ်မှာပဲဆိုးလို့ရမယ့် လက်သည်းနီဒီဇိုင်းလှလှလေးတွေကို သိထားဖို့လိုမှာပေါ့။ ကိုယ်တိုင်ဆိုးမှာဆိုတော့ လွယ်လွယ်ကူကူနဲ့ အမြင်ရှင်းတာလေးဆိုးလို့ရအောင် လူငယ်ဆန်ဆန်လေးလည်းဖြစ်အောင် လက်သည်းနီအရောင်လေးတွေ စပ်ဆိုးထားတဲ့ဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

လိမ္မော်ရောင်က လူငယ်ဆန်ပြီးဖက်ရှင်ကျတဲ့အရောင်လေးဖြစ်တာကြောင့် ဒီလိုလေးဆက်ဆိုးရင် အရမ်းလှပါတယ်။ ဆိုးရတာလည်း လွယ်တဲ့ဒီဇိုင်းလေးပါ။

လူငယ်အရမ်းဆန်သွားမှာကြောက်တဲ့သူတွေဆိုရင် အရောင့်လေးတွေနဲ့ ဒီလိုလေးဆက်ဆိုးလို့ရပါတယ်။

ရိုးရိုးရှင်းရှင်းလေးနဲ့ ဆန်းတာလေးဆိုးချင်ရင်တော့ လက်သည်းအပြည့်ကို အရောင်အနုဆိုးပြီး တစ်ဘက်စီမှာ သေးသေးလေးပဲ တစ်ရောင်ထပ်ဆိုးလိုက်ပါ။ အရမ်းလှပါတယ်။

ဘယ်လောက်လွယ်လွယ် ပုံမဖော်တတ်ဘူးဆိုတဲ့သူတွေကတော့ ဘယ်တော့မှလည်းရိုးမသွားပဲ ရိုးရိုးလေးနဲ့လှနေမယ့် ဒီလိုတစ်ဝက်လေးပဲဆိုးကြည့်ပါ။ အရောင်လေးဆန်းလေ ပိုလှလေပါပဲ။

အပေါ်ကလိုတစ်ဝက်မျိုးဆိုးပြီး ဆိုးထားတဲ့နေရာမှာမှ နောက်တစ်ရောင်ကို အစောင်းလေးထပ်ထည့်ဆိုးလို့လည်းရပါသေးတယ်။ ဒီလိုလေးဆိုလည်း ရိုးရိုးလေးနဲ့ အရမ်းလှပါတယ်။

အလယ်ကို ဘာမှမဆိုးပဲအလွတ်လေးထားပြီး အပေါ်နဲ့အောက်ကိုပဲ မိုးပြာရောင်နဲ့ ပန်းရောင်လေးသုံးပြီး ဆိုးကြည့်ပါ။ အရမ်းချစ်စရာကောင်းပါတယ်။

အစောင်းတွေဆိုးရတာမကြိုက်ရင် ဒဲ့ပုံစံလိုင်းလေးတွေနဲ့ ဒီလိုလေးပုံဖော်ပြီး ဆိုးလို့လည်းရပါသေးတယ်နော်။ အရောင်တစ်ရောင်ထဲကိုပဲ အနု၊ အရင့်လေးတွဲမှ ပိုလှမှာပါ။

Photo Source:Pinterest