ဆောင်းရာသီအတွက် ရိုးရိုးလေးနဲ့ ဖက်ရှင်ကျပြီး လှနေစေမယ့် ဘောင်းဘီရှည်နဲ့ အင်္ကျီလက်ရှည် ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ခရီးသွားမယ့်အခါမှာလည်း အဆင်ပြေမယ့် ဖက်ရှင်လေးတွေ ဖြစ်မှာပါ။
ဒီလိုဂျင်းဘောင်းဘီလေးတွေက Cardigan လို အင်္ကျီလက်ရှည် အကျပ်လေးနဲ့ဆို အရမ်းလှပါတယ်။ ရိုးရိုးလေးနဲ့ကို ဖက်ရှင်ကျနေတာပါ။
ဂျင်းဘောင်းဘီအရှည်အပွကို Hoodie အပွနဲ့ တွဲဝတ်တာမျိုးက စတိုင်လ်ကျပြီး လှပနေမယ့် ဖက်ရှင်ပါပဲ။
ဒီလိုအင်္ကျီလက်ရှည်လေးတွေကို ဘောင်းဘီရှည်အကားလေးနဲ့ တွဲဝတ်တာက ရိုးရှင်းပြီး စတိုင်လ်ကျစေပါတယ်။ အရပ်ရှည်ရှည်လေးတွေနဲ့ဆို ပိုတောင်လိုက်ဖက်ပါတယ်။
လှပပြီး မိန်းကလေးဆန်တဲ့ ဒီလိုအင်္ကျီလက်ရှည်လေးတွေကို ဒီလိုဘောင်းဘီအရှည်နဲ့ တွဲဝတ်တာလည်း ဖက်ရှင်ကျပြီး လှပါတယ်။
Body Fit အင်္ကျီလက်ရှည်ကို ဂျင်းဘောင်းဘီအပွလေးနဲ့ တွဲဝတ်တာလည်း ဆောင်းရာသီနဲ့လိုက်ဖက်ပြီး လှပနေမယ့် ဖက်ရှင်စတိုင်လ်လေးပါ။
ဘောင်းဘီအရှည်အပွကို ဆွယ်တာအပွတွေနဲ့ တွဲဝတ်တာလည်း ဆောင်းရာသီနဲ့ အလိုက်ဖက်ဆုံး ဖက်ရှင်ပါပဲ။
အခုခေတ်စားနေတဲ့ ဒီလိုအင်္ကျီလက်ရှည်လေးတွေကိုတော့ ဘောင်းဘီအပွအရှည်နဲ့ တွဲဝတ်လည်း လိုက်ဖက်သလို၊ ဂျင်းဘောင်းဘီအရှည်နဲ့လည်း လိုက်ဖက်ပါတယ်။
Cardigan လေးကို ဒီလိုဘောင်းဘီနဲ့ တွဲဝတ်တာက ဝတ်ရတာပေါ့ပါးပြီး စတိုင်လ်ကျစေပါတယ်။
ကိုရီးယားဆန်ဆန် ဒီလိုကုတ်လေးတွေနဲ့ တွဲဝတ်တာလည်း ဖက်ရှင်ကျပြီး လှပစေပါတယ်။ ဆောင်းရာသီမှာ ရှိုးထုတ်လို့အကောင်းဆုံး ဖက်ရှင်ပါပဲ။
ရှပ်အင်္ကျီလက်ရှည်နဲ့ ဂျင်းဘောင်းဘီအပွကို ဒီလိုလေးတွဲဝတ်တာက လူငယ်ဆန်ပြီး စတိုင်လ်ကျလှပစေပါတယ်။
ဒီလို Carfigan ဆွယ်တာလေးတွေကို အခုခေတ်စားနေတဲ့ ဂျင်းဘောင်းဘီအကားလေးတွေနဲ့ တွဲဝတ်တာက အရမ်းလှပြီး လူငယ်လည်းဆန်ပါတယ်။
Photo source:www.pinterest.com