ဝိတ်တော့ကျချင်ပေမယ့် လေ့ကျင့်ခန်းတော့ မလုပ်ချင်ဘူးဆိုတဲ့သူတွေအတွက် ဝိတ်ကျစေဖို့ကူညီပေးမယ့် ရိုးရှင်းသော အလေ့အကျင့်တွေနဲ့ healthy ဖြစ်စေမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အစာမစားခင်မှာရေတစ်ခွက်သောက်ပါ

အစာမစားခင်မှာ ရေတစ်ခွက်သောက်ပေးရင် ဗိုက်နည်းနည်းပြည့်သွားတဲ့အတွက် အများကြီးမစားနိုင်တော့ပါဘူး။ ဒါကြောင့် ဒီနည်းလမ်းနဲ့ အစားလျှော့ပြီး ဝိတ်ကျအောင်လုပ်ကြည့်ပါ။

အိမ်မှာချက်တဲ့အစားအသောက်တွေပဲစားပါ

အိမ်မှာချက်တဲ့အစားအသောက်တွေကိုပဲ စားပေးပါ။ အဆီအနှစ်တွေ လျော့ချက်ပါ။ အပြင်မှာစားရင် အဆီအစိမ့်တွေ အများကြီးစားမိတဲ့အတွက် ဝိတ်ပိုတက်စေပါတယ်။

အိပ်ချိန်လုံလောက်မှုရှိပါ

အိပ်ချိန်မလုံလောက်ရင်၊ အိပ်ရေးပျက်တာတွေများရင်လည်း ဝိတ်တက်တတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေးဝအောင်အိပ်ပါ။

ပန်းကန်အသေး၊ ပန်းကန်လုံးအသေးနဲ့ပဲစားပါ

ဘာစားစား ပန်းကန်အသေး၊ ပန်းကန်လုံးအသေးနဲ့ပဲ ထည့်စားပါ။ ဒါမှနည်းနည်းပဲစားဖြစ်မှာပါ။

ဖြေးဖြေးချင်းစီဝါးစားပါ

အစားကို မြန်မြန်စားတဲ့သူက ပိုဝင်တဲ့အတွက် ဝစေပါတယ်။ ဒါကြောင့် နည်းနည်းချင်းစီ၊ ဖြေးဖြေးချင်းစီ ဝါးစားပါ။

အစားလျှော့စားတဲ့ကိုယ့်ကိုယ်ကိုဆုချပါ

အစားလျှော့စားတဲ့အတွက် ပိုပြီး moti ရအောင် တစ်လတစ်ခါ target ပြည့်သွားရင် ကိုယ့်ကိုယ်ကိုဆုချပြီး တစ်ခုခုဝယ်ပေးတာမျိုး လုပ်ပေးပါ။ အစားလျှော့ရတာလည်း ပျော်စရာကောင်းလာပါလိမ့်မယ်။

တကယ်ဗိုက်ဆာနေတာလားပြန်မေးပါ

တစ်ခုခုစားတော့မယ်ဆိုရင် တကယ်ဗိုက်ဆာနေလို့ စားချင်တာလား ကိုယ့်ကိုယ်ကိုပြန်မေးပါ။ ဗိုက်မဆာပဲ စားချင်စိတ်ဖြစ်နေတာဆိုရင် ရေသောက်ပါ။ သဘာဝအသီးဖျော်ရည်တွေ သောက်လိုက်ပါ။ အသီးအနှံတွေစားလိုက်ပါ။