နှုတ်ခမ်းသားကိုထူထူ ဖူးဖူးလေးဖြစ်စေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။ ဒီလိုနှုတ်ခမ်းသားမျိုးက သင့်ကို ပိုပြီး ဆွဲဆောင်မှုရှိစေမှာပါ။

၁။ နှုတ်ခမ်းသားကို ချေးချွတ်ရအောင်

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ခွက်တစ်လုံးထဲမှာ ပါဝင်ပစ္စည်းတွေအားလုံးရောလိုက်ပါ။ ပြီးရင် နှုတ်ခမ်းပေါ်မှာ ၂ မိနစ်ကနေ ၃ မိနစ်ထိ ပွတ်ပြီးလိမ်းပေးပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပါ။

၂။ နှုတ်ခမ်းသား နူးညံ့စေဖို့

နှုတ်ခမ်းသားနူးညံ့နေစေဖို့အတွက် သွားတိုက်တံနဲ့ သန့်ရှင်းရေးလုပ်ပေးပါ။ သွားတိုက်တံနဲ့ ပွတ်တိုက်ပေးတာဟာ နှုတ်ခမ်းသားကို နူးညံံ့စေမှာဖြစ်ပါတယ်။

၃ နှုတ်ခမ်းပုံဖော်ပါ။

ကိုယ့်နှုတ်ခမ်းက ဘယ်နေရာမှာ ပါးနေတာလဲ။ ဘယ်နေရာမှာထူနေတာလဲဆိုတဲ့ ပုံစံကို သေချာရွေးပါ။ ပြီးရင် Liner တစ်ခုနဲ့ ဆွဲလိုက်ပါ။

၄။ နှုတ်ခမ်းနီကို ဒီလိုဆိုးရအောင်။

 

နှုတ်ခမ်းဘေးနားကို ဖော်ပြီးပြီဆိုရင် နှုတ်ခမ်းနီကို အရောင်နည်းနည်းဖျော့အောင်လုပ်လိုက်ပါ။ အမည်းတွေအများကြီးဖြစ်နေအောင်မထားခဲ့ပါနဲ့။

၅။ အပြင်နှုတ်ခမ်းသားလေးတွေကို ပုံဖော်ပါ။

အပြင်နှုတ်ခမ်းသားပုံဖော်ဖို့အတွက် Concealer (သို့) Highlighter ကိုအသုံးပြုပေးနိုင်ပါတယ်။

နှုတ်ခမ်းထူတယ်လို့ ထင်ရစေတဲ့ နှုတ်ခမ်းနီ ဆိုးနည်းအမျိုးမျိုးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။

နှုတ်ခမ်းသား ပြည့်ပြည့် ဖူးဖူးလေးဖြစ်စေမယ့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း (၅)မျိုး