ဆံပင်စည်းရာမှာ ခါတိုင်းစည်းနေကျလို ခေါင်းစည်းကြိုးနဲ့ပဲ စည်းလိုက်တာမျိုးမဟုတ်ဘဲ ပိုပြီးစတိုင်လ်ကျကျနဲ့ လှလှပပလေးဖြစ်နေစေဖို့ ဆံပင်စည်းနည်း (၂) မျိုးကို မျှဝေပေးချင်ပါတယ်။

ခပ်နိမ့်နိမ့်မှာစည်းလည်းရတယ်။ ခပ်မြင့်မြင့်စည်းလည်း ရပါတယ်။

၁။ ပထမနည်း

အရင်ဆုံး ခေါင်းကို သေချာလေးဖြီးပေးလိုက်ပါ။ ပြီးသွားရင် ဆံပင်ကို အရှေ့နှစ်ဖက်မှာ နည်းနည်း အနောက်နားမှာ ခပ်များများ ချန်ထားပါ။

ဆံပင်အနောက်ကို အရင်စည်းပေးလိုက်ပါ။ ပြီးရင်တော့ ဘေးနှစ်ဖက်မှာ ချန်ထားခဲ့တဲ့ ဆံပင်ကို တစ်ခုနဲ့တစ်ခု ချည်ပေးလိုက်ပါ။

ပြီးရင် နောက်နားလေးမှာ ကလစ်နဲ့ သေချာညှပ်ပေးလိုက်ပြီး စပရေးဖြန်းပေးလိုက်ပါ။

၂။ ဒုတိယနည်း

ပထမနည်းလိုပဲ ဆံပင်ကို အရှေ့ နှစ်ဖက်နဲ့အနောက်နားမှာ ခွဲပေးလိုက်ပါ။ အရှေ့နှစ်ဖက်ကိုချန်ပြီးအနောက်ဖက်ကို အရင်စည်းပေးလိုက်ပါ။

ရိုးရိုးရှင်းရှင်း ဆံပင်ကိုခပ်နိမ့်နိမ့်လေးကို ပိုပြီးလှအောင် စည်းနည်း (၂) မျိုး

ပြီးရင်တော့ အရှေ့နှစ်ဖက်က ဆံပင်ကိုယူပြီး အနောက်မှာ အခုလို ပတ်လိုက်ကာ ကလစ်ထိုးပေးလိုက်ပါ။ ဒါဆိုရင် ရပါပြီနော်။