ခြေဖနောင့်ကွဲတာဟာ ဆောင်းရာသီမှာအဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ တစ်နှစ်ပတ်လုံး ခြောက်သွေ့ကြမ်းတမ်းတဲ့ ခြေဖဝါးများကို သတိမထားဘဲပေါ့ဆမိရင် ရာသီဥတုခြောက်သွေ့တဲ့ဆောင်းရာသီမှာ သွေးထွက်တတ်ပြီး နာကျင်ကိုက်ခဲတတ်ပါတယ်။ ဒီလိုမျိုး မခံစားချင်ဘူးဆိုရင် ခြေဖနောင့်ကွဲတာကိုသက်သာစေမယ့် အိမ်တွင်းကုထုံးတွေကို လုပ်ကြည့်ပါ။

Rice Flour

ဆန်မှုန့်ဟာ ခြေထောက်ကို သန့်စင်စေပြီး ကွဲအက်နေတဲ့ ခြေဖနောင့်တွေအတွက် အကောင်းဆုံး သဘာဝ ပါဝင်ပစ္စည်းတွေထဲက တစ်ခုပါ။ ဆန်မှုန့်နဲ့ Exfoliation လုပ်တာက ခြေဖဝါးကဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ခြေဖနောင့်အက်ကွဲခြင်းနဲ့ ခြောက်သွေ့ခြင်းတို့ကို ကာကွယ်ပေးပါတယ်။

Lemon

သံပယိုရည်မှာ အက်စစ်ဓာတ်ပါဝင်တာကြောင့် ခြောက်သွေ့ကြမ်းတမ်းတဲ့ အသားအရေကို ကုသရာမှာ တကယ်အသုံးဝင်ပါတယ်။ ရေနွေးနဲ့သံပယိုရည်ရောထားတဲ့ရေထဲမှာ ခြေထောက်ကို 10-15 မိနစ်လောက်စိမ်ထားပါ။ ခြေဖနောင့်ကို ကျောက်တုံးနဲ့ ပွတ်ပေးပါ။ ခြေထောက်ကို ဆေးပြီးရင် သန့်ရှင်းတဲ့မျက်နှာသုတ်ပုဝါနဲ့ ခြောက်အောင်သုတ်ပါ။ ကြက်ဥအနှစ်တစ်လုံးကိုယူပြီး သံပုရာရည်တစ်ဇွန်း ၊ ဆန်မှုန့်တစ်ဇွန်းတို့နဲ့ ရောမွှေပြီး ခြေဖဝါးပေါ် လိမ်းပေးပါ။ မိနစ် 20 လောက်ထားပြီး ရေဆေးချလိုက်ပါ။

Glycerin နဲ့ Rose Water

Glycerin နဲ့ Rose Water ပမာဏကို ညီတူညီမျှ ရောစပ်ပြီး ညအိပ်ရာမဝင်ခင် ခြေဖနောင့်နဲ့ ခြေဖဝါးပေါ် လိမ်းပေးပါ။ မိနစ်အနည်းငယ်ကြာအောင် ညင်သာစွာ နှိပ်နယ်ပြီး တစ်ညလုံး ထားလိုက်ပါ။ ဒီလိုပုံမှန်လုပ်ပေးတာက ခြေဖနောင့်ကွဲတာကို မြန်မြန်ပျောက်ကင်းစေပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးက ခြောက်သွေ့တဲ့အသားအရေအတွက် တကယ်ကိုကောင်းတဲ့ Moisturizer ဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။ ငှက်ပျောသီးမှည့် ၁ လုံးကို ကျေအောင်ချေပြီး ခြေဖနောင့်ပေါ်လိမ်းပေးပါ။ ညင်သာစွာနှိပ်နယ်ပြီး ၁၀-၁၅ မိနစ်ခန့်စောင့်ပါ။ ပြီးရင် ခြေထောက်ကို ရေနွေးနွေးနဲ့ အရင်ဆေးပြီး ခြေထောက်ကို ရေအေးထဲမှာ ၅ မိနစ်ကနေ ၁၀ မိနစ်လောက် စိမ်ထားလိုက်ပါ။

Aloe Vera

ရှားစောင်းလက်ပတ်ဟာ ခြောက်သွေ့တဲ့အသားအရေအတွက် အကောင်းဆုံး Moisturizer တစ်ခုဆိုတာ အားလုံးသိပြီးသားပါ။ အရင်ဆုံး ခြေထောက်ကို ရေနွေးနွေးလေးထဲမှာ မိနစ်အနည်းငယ်လောက် စိမ်လိုက်ပါ။ ပြီးရင် ခြောက်အောင်သုတ်ကာ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ခြေထောက်တစ်ခုလုံး အက်ကြောင်းများပေါ် လိမ်းပေးပါ။ ခြေအိတ်ဝတ်ပြီး အိပ်ပါ။ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ခြေဖဝါးပေါ် တစ်ညလုံး ထားပေးပါ။ ပုံမှန်လိမ်းပေးရင် ခြေထောက်များကို နူးညံ့ချောမွေ့စေပါတယ်။

Oatmeal

Oatmeal က ခြေဖနောင့်ကွဲအက်ခြင်းအတွက် အထိရောက်ဆုံးဆေးတစ်လက်ပါ။ ဂျုံမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ သံလွင်ဆီ 4-5 စက်တို့ကို ရောမွှေပြီး ခြေဖနောင့်ကွဲနေတဲ့ အစိတ်အပိုင်းတွေမှာ လိမ်းပြီး မိနစ် 30 လောက်စောင့်ပါ။ ရေအေးနဲ့ဆေးချပြီး ခြောက်အောင်သုတ်ပြီး Moisturizer လိမ်းပေးပါ။

ပျားရည်

အရင်ဆုံး ခြေထောက်ကို ရေနွေးနွေးလေးနဲ့ စိမ်ပြီး ကျောက်တုံးနဲ့ ညင်သာစွာပွတ်ပေးပါ။ ပျားရည်ကို ခြေဖနောင့်ကွဲနေတဲ့နေရာကို လိမ်းပေးပါ။ တစ်နာရီလောက်ကြာအောင်ထားပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။