ဒီတစ်ခေါက် ဆံသားထိန်းသိမ်းနည်းမှာတော့ Original ဆံပင်ကိုက အကောက်ဖြစ်တဲ့သူတွေအတွက် ရိုးရှင်းတဲ့ဆံသားထိန်းသိမ်းနည်းကို မျှဝေပေးလိုက်ပါတယ်။ တကူးတက ဆိုင်သွားပြီး Treatment လုပ်တာမျိုးတွေ မလုပ်ဖြစ်တဲ့သူတွေအတွက် အသုံးဝင်မှာပါ။

ဘီးကြဲနဲ့ခေါင်းဖြီးပါ

Original ဆံပင်အကောက်ဖြစ်တဲ့သူတွေက ဘီးစိတ်လုံးဝမသုံးသင့်ပါဘူး။ ဆံပင်ငြိတာ၊ ရှင်းရခက်တာတွေ ဖြစ်တတ်ပါတယ်။ ဘီးကြဲပဲသုံးပေးပါ။

တစ်ပတ် ၁ ကြိမ်၊ ၂ ကြိမ် ပုံမှန်ခေါင်းလျှော်ပါ

ခေါင်းလျှော်လွန်းရင်လည်း မကောင်းသလို မလျှော်တာကြာရင်လည်း ဆံသားပျက်စီးစေပါတယ်။ ဒါကြောင့် တစ်ပတ်ကို ၁ ကြိမ်၊ ၂ ကြိမ် ပုံမှန်လျှော်ပေးသင့်ပါတယ်။

Conditioner or Hair Mask သုံးပါ

ခေါင်းလျှော်တဲ့အခါမှာ ကိုယ့်ဆံသားနဲ့ကိုက်ညီနဲ့ Shampoo ကို ရွေးသုံးပါ။ Original ဆံပင်အကောက်တွေက ဆံသားကြမ်းတာ၊ ရှုပ်ထွေးတာမျိုးတွေ ပိုဖြစ်တတ်တာကြောင့် ခေါင်းလျှော်ပြီးတိုင်းမှာ Conditioner or Hair Mask သုံးပေးဖို့ လိုပါတယ်။

Hair Oil လိမ်းပါ

ဘယ်လိုဆံသားမျိုးအတွက်မဆို Hair Oil လိမ်းဖို့ကတော့ လိုပါတယ်။ ဆံပင်အကောက်တွေမှာက ဆံသားခြောက်သွေ့တာတွေ ပိုဖြစ်လေ့ရှိတဲ့အတွက် Hair Oil မလိမ်းရင် ဆံသားမွဲခြောက်တာ၊ ငြိတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

ရေချိုး Towel နဲ့ဆံပင်မသုတ်ပါနဲ့

Original ဆံပင်အကောက်တွေက ခေါင်းလျှော်ပြီးရင် ရေချိုး Towel နဲ့မသုတ်ပဲ တီရှပ်အသန့်(သို့) နူးညံ့တဲ့ မျက်နှာသုတ်ပုဝါနဲ့ သုတ်ပေးပါ။ ရေချိုး Towel နဲ့သုတ်ရင် Towel ကြမ်းရင် ဆံသားပျက်စီးတာ၊ ငြိတာတွေ ဖြစ်တတ်လို့ပါ။

Sun Spray သုံးပါ

နေပူထဲထွက်တဲ့အခါ ဆံပင်ကိုလည်း Hair Sun Spray ဖြန်းတာမျိုး လုပ်ပေးပါ။ ဒါဆိုရင်တော့ ဆံသားပျက်စီးတာ၊ မွဲခြောက်တာ၊ ဆံသားအရောင်မှိန်တာမျိုးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ပေးမှာပါ။

ဆံပင်ဖားလျားချပြီးမအိပ်ပါနဲ့

Original ဆံပင်အကောက်တွေက အိပ်တဲ့အခါမှာ ဆံပင်ဖားလျားချအိပ်ရင် မနက်ရောက်တဲ့အခါ ဆံပင်တွေရှုပ်ထွေးတာမျိုး ပိုဖြစ်လွယ်ပါတယ်။ ဒါကြောင့် ဆံပင်ကိုဖွဖွလေးထုံးပြီး အိပ်တာပဲဖြစ်ဖြစ်၊ ကျစ်ဆံမြီးကျစ်အိပ်တာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။