မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပြီး ထသွားထလာ နေ့တိုင်းပြင်ဆင်ဖို့အတွက်လည်း အရမ်းအဆင်ပြေတဲ့ Simple Glow Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ပြင်ဆင်ရတာလွယ်ကူသလို ဘယ်တော့မှရိုးမသွားပဲလှတဲ့ Makeup Look လေးဖြစ်လို့ မိန်းကလေးတိုင်း သဘောကျမယ်လို့ ထင်ပါတယ်။

အရင်ဆုံးအောက်ခံ Skincare တွေလိမ်းပါမယ်။ ပြီးမှ Foundation or Cushion လိမ်းပါမယ်။ ဒီမှာတော့ Cushion လိမ်းထားပါတယ်။

အညိုရောင်အဖျော့ဖြစ်တဲ့ Eyeshadow Color ကို မျက်ခွံမှာခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း ခြယ်ပါမယ်။

ရွှေရောင်ဘက်သွားတဲ့ Glitter Eyeshadow Color အဖျော့လေးကို မျက်ခွံမှာနည်းနည်းခြယ်ပြီး မျက်လုံးအောက်နားကိုလည်း နည်းနည်းပဲခြယ်ပါမယ်။

Gel Eyeliner နဲ့ Eyeliner ကို မျှင်မျှင်လေးဆွဲပါမယ်။ မျက်လုံးအတွင်းနားကပ်ပြီး သေချာလေးဆွဲပေးပါ။

Chocolate Color Eyeshadow ကို Brush ပြားပြားကပ်ကပ်လေးနဲ့ယူပြီး Eyeliner ဆွဲထားတဲ့ Line အတိုင်းလေးဆွဲပေးပါ။ ပြီးရင် မျက်လုံးအောက်နားကိုလည်း နည်းနည်းခြယ်ပေးပါ။ ဒါမှ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ပိုလှသွားမှာပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။ မျက်တောင်ကို စုသွားတာမျိုးမဖြစ်အောင် သေချာလေးကော့ပေးပါ။

Eyebrow Brush နဲ့ မျက်ခုံးမွှေးကို အရင်ဖြီးပါမယ်။ ပြီးမှ Natural Look လေးရအောင် ဆွဲပါမယ်။

ပါးနီကို ပန်းရောင်နဲ့ခရမ်းရောင်ကြားက Color အနုလေးတွေကိုသုံးပြီး ခြယ်ပါမယ်။ ခရမ်းမရှိလည်း ပန်းရောင်နုနုလေးခြယ်ပေးပါ။

နှုတ်ခမ်းနီကိုလည်း ပန်းရောင်ဘက်သွားတဲ့ Lip Gloss Color လေးပဲဆိုးပါမယ်။ ဒါမှ Glow Look လေးနဲ့ ပိုလိုက်ဖက်နေမှာပါ။

ဒါဆိုရင်တော့ မိန်းကလေးတိုင်းနဲ့လိုက်ဖက်တဲ့ Simple Glow Makeup Look လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။