ဒီတခါတော့ စာဖတ်သူတို့အတွက် ရိုးရှင်းလွယ်ကူတဲ့ လေ့ကျင့်ခန်းတွေကို မျှဝေပေးချင်ပါတယ်။ အခုမှ စပြီး လေ့ကျင့်ခန်းလုပ်မယ့်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ လေ့ကျင့်ခန်းတွေလုပ်ပြီဆိုရင် အစားလျှော့စားစရာမလိုပါဘူး။ ကျန်းမာရေးနဲ့ ညီညွှတ်မျှတအောင် စားဖို့ပဲလိုတာပါ။

ဗိုက်ချပ်စေတဲ့ Plank

Source: HealthShots

Plank ထောက်တဲ့နေရာမှာ အဓိကသိထားစေချင်တာကတော့ အနေထား မှန်မှန် နေတတ်မှရမှာပါ။ ပုံကိုသေချာကြည့်ပါ။ တင်ကအပေါ်လည်း တက်မနေရသလို၊ အောက်လည်းကျမနေပါဘူး။ တပြေးညီဖြစ်နေရမှာဖြစ်ပြီး ခေါင်းလည်း အပေါ်မော့မထားပါဘူးနော်။ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြေချောင်းနဲ့ လက်တဒေါင်က ထိန်းထားတာပါ။ ဗိုက်ကအဆီကိုလည်း ကျစေပြီး ခန္ဓာကိုယ် အချိုးအစား လှပစေပါတယ်။

ဝမ်းဗိုက်နဲ့ ခြေထောက်အတွက် လေ့ကျင့်ခန်း

Source: Divinity Magazine

အရင်ဆုံး ကျောလှဲနေပါ။ လက်နှစ်ဖက်ကိုလည်း ကြမ်းပြင်မှာ ချထားလိုက်ပါ။ ခြေထောက်ကိုလည်း ချထားပါ။ ပြီးရင် ခြေထောက်ကို ၃၀ ဒီဂရီလောက်မတင်ပါ။ အသက်ကို ပြင်းပြင်း ၃ ကြိမ်ရှူပါ။ ပြီးရင် ၆၀ ဒီဂရီကို ထပ်ပြီးမတင်လိုက်ပါ။ အသက်ကို ပြင်းပြင်း ၃ ကြိမ်ရှူပါ။ ပြီးရင်တော့ အခုပုံမှာပြထားသလို ၉၀ ဒီဂရီ မတ်မတ် ထောင်လိုက်ပါ။ အသက်ပြင်းပြင်း ၃ ကြိမ်ရှူပါ။ အဲဒီအတိုင်း ၅ ကြိမ်လောက်လုပ်ပေးပါ။

ခါးက အဆီတွေကျဖို့

Source: Freedom Genesis

ခါးကအဆီတွေကျစေပြီး အခုပုံမှာပြထားသလို နေပေးရပါမယ်။ အသက်ကို ပြင်းပြင်းရှူပြီး ဗိုက်နားကို အားစိုက်ထားပါ။ ၃၀ စက္ကန့်လောက် အသက်အောင်ပြီး နေပါ။ ပြီးရင် ပြန်ရှူထုတ်လိုက်ပါ။

ဝမ်းဗိုက်အောက်က အဆီကျဖို့

Source: Lessons

ဗိုက်မှာဆို အဆီက ရင်ခေါင်းနားနဲ့ ဗိုက်အောက်ပိုင်းမှာ ရှိတဲ့ အဆီဆိုပြီး နှစ်မျိုးရှိပါတယ်။ တချို့က ဗိုက်အပေါ်မှာ အဆီများပြီး တချို့ကအောက်ပိုင်းမှာ အဆီများပါတယ်။ အောက်ပိုင်းအဆီများတဲ့သူတွေက အခုလေ့ကျင့်ခန်းကို လုပ်ပေးရမှာပါ။ အခုမှ စလုပ်မယ့်သူတွေကတော့ ကျောလှဲပြီး ခြေထောက်ကို အပေါ်မြောက်နိုင်သလောက်သာမြောက်ပေးပါ။ အဲဒီလိုမြောက်ပေးပြီး စက္ကန့် ၃၀ ကနေ ၆၀ ထိနေပါ။

Featured Image Source: Money Crushers