အားလုံးပဲမင်္ဂလာပါနော်။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ တကယ်တော့ အလှအပတစ်ခုတည်းအတွက်မဟုတ်ပါဘူး။ ကျန်းမာရေးအရလည်းလိုအပ်ပါတယ်။
ဒါပေမယ့် တချို့သူတွေအတွက်ကျတော့ လေ့ကျင့်ခန်း ကြီးကြီးမားမားတွေ လုပ်ဖို့ သိပ်မလွယ်ကူလှပါဘူး။ အချိန်မပေးနိုင်တာလည်းပါပါတယ်။ အခုခေတ်မှာ အထိုင်များတဲ့အလုပ်တွေလုပ်ရတာ ကိုယ်လက်လှုပ်ရှားမှူမရှိတာတွေက ဗိုက်မှာ အဆီတွေ တဖြည်းဖြည်း စုလာစေပါတယ်။
ဒီလို ဗိုက်က အဆီလေးတွေကျဖို့ဆိုရင်တော့ ပျင်းနေလို့မရဘူးနော်။ အညောင်းလည်းပြေမယ်၊ ဗိုက်ကအဆီလည်းကျမယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းလေးကို လိုက်လုပ်ဖို့ ဖိတ်ခေါ်ပါတယ်။
အဆင့် (၁) စမယ်
အရင်ဆုံးတော့ ကိုယ်လက်လေး နည်းနည်းနွေးသွားအောင် လုပ်ပါ။ နည်းနည်းခုန်ပေးတာမျိုးတို့ စလုပ်ပါ။ ပြီးရင်တော့ မတ်မတ်ရပ်လိုက်ပါ။
အဆင့် (၂) အသင့်ပြင်
ခြေထောက်နှစ်ဖက်ကို တစ်ဖက်တစ်ချက်ဆီ ညီညီလေး ကားလိုက်ပါ။။ လက်ကိုလည်း ခါးထောက်လိုက်ပါ။
အဆင့် (၃) ဒီလိုချထိုင်မယ်
လက်နှစ်ဖက်ကို ဒူးပေါ်တင်၊ ဒူးလေးကို နည်းနည်းကွေးလိုက်ပြီး နေပေးပါ။ သင့်ပေါင်က ကြွက်သားလေးတွေ တင်းလာတာကိုခံစားရပါလိမ့်မယ်။ သင့်ရဲ့ ကြွက်သားတွေကို အားစိုက်ထားပါ။
အဆင့် (၄) လှည့်မယ်
ပြီးရင်တော့ အခုပုံမှာပြထားသလိုမျိုး လှည့်ပေးလိုက်ပါ။ ခါး၊ တင်၊ ပေါင်သားက ကြွက်သားလေးတွေကို ဆန့်သွားတာမျိုးခံစားရပါလိမ့်မယ်။ အဲဒီအတိုင်း ၃ စက္ကန့်လောက်နေပြီး
စောစောကပုံအတိုင်းပြန်နေပါ။
အဆင့် (၅) အသက် ရှူပါ
ဒီလိုပုံစံအတိုင်း အသက်လေး ပြင်းပြင်းရှူလိုက်ပါ။
အဆင့် (၆) နောက်တစ်ဖက်ပြန်လှည့်မယ်
အခုပုံမှာပြထားသလိုမျိုး နောက်တစ်ဖက်ကို ပြန်လှည့်လိုက်ပါ။
ဒီလေ့ကျင့်ခန်းကို ၁၀ ကြိမ် ၂ ကျော့လုပ်ပေးပါ။ ပြီးရင် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာ၊ အသီးအရွက်တွေနဲ့ သေချာဝိတ်ချမယ်ဆိုရင် ပိုပြီးထိရောက်ပါတယ်နော်။
Source: Brightside.me
By: MyStyle Myanmar