ဗိုက်အဆီတွေကျချင်ပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်တဲ့သူတွေနဲ့ လေ့ကျင့်ခန်းအများကြီးလုပ်ရမှာကို ပျင်းနေတဲ့သူတွေအတွက် ၃ ပတ်အတွင်းမှာ ဗိုက်ကအဆီတွေ လျော့ကျသွားစေမယ့် အရိုးရှင်းဆုံးလေ့ကျင့်ခန်းကို မျှဝေပေးလိုက်ပါတယ်။

Seep 1

ပုံမှာပြထားတဲ့အနေအထားအတိုင်း မတ်တပ်ရပ်နေပါ။ ခါးကိုဆန့်ထားပြီး ပခုံးကြောတွေကိုလည်း လျော့ထားပါ။ အဲ့အတိုင်း ၅ စက္ကန့်နေပေးပါ။ ပြီးမှ နောက် Step တစ်ခုကိုသွားပါမယ်။

Step 2

ခုနကအနေအထားအတိုင်းကိုပဲ ဒီမှာကျတော့ ခြေထောက်ကိုကားလိုက်ရမှာပါ။ ကျယ်နိုင်သလောက် ကျယ်ကျယ်လေးကားပေးပါ။ အဲ့အတိုင်းကိုလည်း ၅ စက္ကန့်နေပေးပါ။ ပြီးရင် နောက် Step တစ်ခုကို ပြောင်းပါမယ်။

Step 3

ခုနက ခြေထောက်ကားထားတဲ့အတိုင်းပဲ ဆက်ကားထားပြီး လက်နှစ်ဖက်က ဒူးနေရာကိုထောက်ကိုင်ပြီး နည်းနည်းကုန်းထိုင်ပါ။ အဲ့အတိုင်း ၅ စက္ကန့်နေပေးပါ။ ပြီးမှ နောက် Step တစ်ခုကို ပြောင်းလုပ်ပါမယ်။

Step 4

Step 3 က အနေအထားအတိုင်းနေပြီး ခါးနဲ့ဦးခေါင်းကို ညာဘက်လှည့်လိုက်ပါ။ ခါးကိုလိမ်ပြီးလှည့်တာဖြစ်လို့ ဗိုက်ကအဆီတွေတင်မဟုတ်ပဲ ခါးကအဆီပိုတွေပါ လျော့ကျစေပါတယ်။ အဲ့အတိုင်း ၅ စက္ကန့်လှည့်နေပေးပါ။ ပြီးရင် နောက် Step တစ်ခုပြောင်းပါမယ်။

Step 5

အရှေ့ကိုတည့်တည့်ပြန်လှည့်ပြီး ခုနက Step 3 အနေအထားနဲ့တူတူပဲ ပြန်နေပေးရမှာပါ။

Step 6

ပြီးရင်တော့ Step 4 အနေအထားနဲ့ ဘယ်ဘက်ကိုလှည့်ပြီး ၅ စက္ကန့်လှည့်နေပေးပါ။ ပြီးရင်တော့ Step 5 ကလို ပြန်နေပါ။ ဘယ်ညာတစ်လှည့်စီလုပ်တဲ့သဘောပါပဲ။

အားလုံးပြီးသွားပြီဆိုရင်တော့ Step 1 ကနေစပြီး ပြန်လုပ်ပေးပါ။ တစ်နေ့ကို အနည်းဆုံး အကြိမ် ၂၀ လုပ်ပေးရပါမယ်။ များများလုပ်နိုင်လေ ကောင်းလေပါပဲ။ ဒါမှသိသာတဲ့ Result ကို ရရှိမှာပါ။

source:www.brightside.me