မင်္ဂလာပါ ပျိုမေတို့ရေ။ ပန်းရောင်လိုအရောင်နုနုတွေက မိန်းကလေးတိုင်းနဲ့လိုက်ဖက်သလို ဘယ်အရောင်နဲ့မဆို တွဲဝတ်လို့လှတာမို့ ပန်းရောင်ရုံးတက်ဖက်ရှင်လေးရွေးချယ်တာက သင့်ကို ရှင်းရှင်းလေးနဲ့ Elegant ဆန်စေမှာပါနော်။ ဒီတစ်ခေါက်မှာ ရုံးသွားရတဲ့ပျိုမေတို့နမူနာယူနိုင်မယ့် ပန်းရောင်ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လူငယ်၊ လူလတ်မရွေးလိုက်ဖက်မယ့် ဖက်ရှင်အတွဲအစပ်လေးတွေဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

ပန်းရောင်ရှပ်အပွလေးတွေက ဝတ်ရတာ သက်တောင့်သက်သာရှိသလို စမတ်လည်းကျပါတယ်။ ရှပ်အပွခါးရှည်ကို စတိုင်ပန့် (သို့) ဂျင်းလေးတွေနဲ့ ခါးထဲထည့်ဝတ်ကြည့်ပါ။


ပန်းရောင်လက်ဖောင်းအင်္ကျီအပါးတွေကို ဂျင်းပြာနဲ့တွဲဝတ်တာကလည်း လူငယ်ဆန်သလို ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ဖက်ရှင်လေးရစေမှာပါ။


ပန်းရောင်အရင့်အင်္ကျီပြောင်ကို အောက်က ဘောင်းဘီအရောင်နုလေးနဲ့ အနုအရင့်စပ်ပြီး ဝတ်တာကလည်း ပန်းရောင်ကြိုက်တဲ့ပျိုမေတို့အတွက် ကွက်တိပါပဲ။


ပန်းရောင် Pencil Skirt အကပ်လေးတွေကလည်း ရုံးတက်ဖက်ရှင်အနေနဲ့ အရမ်းလိုက်ဖက်သလို ကျော့ရှင်းပြီး မိန်းကလေးဆန်တဲ့ Look လေးရစေမှာပါ။


ရိုးရိုး ပန်းရောင်စကပ်ရှည်လေးတွေကလည်း ရှင်းရှင်းလေးနဲ့ လူငယ်ဆန်ပြီး ချစ်စရာကောင်းပါတယ်နော်။


အရောင်လွင်လွင်လေးနဲ့ ပန်းရောင် အပြင်ထက် Blazer က သင့်ကို စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လို ကျက်သရေရှိရှိလှနေစေမှာပါ။


ရာသီဥတုအေးတဲ့နေ့တွေမှာ ဒီလို ပန်းရောင်ဆွယ်တာအပါးလေးတွေဝတ်တာက သင့်ကိုအနွေးဓာတ်ပေးသလို နူးညံ့တဲ့ဖက်ရှင်လေးရစေမှာပါ။


သင့်ရဲ့ Office Look ကို တစ်ဆင့်မြင့်ဖို့ပန်းရောင် စတိုင်ပန့်လေးတွေနဲ့ တွဲဝတ်ကြည့်ပါနော်။ ခေတ်ဆန်သလို အရောင်နုနုလေးနဲ့ လင်းနေစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar