ပိုက်ဆံကုန်မှာကြောက်ရင်၊ အကုန်အကျမများချင်ရင် အိမ်မှာပဲ သဘာဝနည်းလမ်းတွေနဲ့ Scrub လုပ်နိုင်ပါတယ်။ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေများတာကြောင့် ဒီတစ်ခါမှာတော့ အဆီပြန်တဲ့အသားအရေအတွက် သခွားသီးနဲ့ Scrub ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။
သခွားသီးတစ်ဝက်ကို အခွံခွာပြီး ကျေညက်သွားအောင် ကြိတ်ချေပါ။ ပြီးရင် ကြိတ်ချေထားတာတွေကို မျက်နှာမှာ စက်ဝိုင်းပုံစံ ၅ မိနစ်လောက် ပွတ်ပေးပါ။ သေချာနှံ့အောင် ပွတ်ပြီးရင်တော့ ရေအေးနဲ့ မျက်နှာသစ်လိုက်ပါ။
မျက်နှာသစ်ပြီးရင် ပုံမှန်အတိုင်း Toner လိမ်းပြီး oil-free moisturizer လိမ်းပါ။ တစ်ပတ်မှာ ၂ ကြိမ်လုပ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းက အဆီပြန်တာကို သက်သာစေပါတယ်။ အဆီပြန်တဲ့သူတွေအတွက် ရိုးရှင်းပြီး ကောင်းမွန်တဲ့ သဘာဝ Scrub လုပ်နည်းပါပဲ။
Source: www.stylecraze.com