တချို့ကောင်မလေးတွေတွေ့လိုက်ရင် အသားအရေအရမ်းလှတာကို သတိထားမိမှာပါ။ သင်လည်း သူတို့လို အသားလှဖို့အတွက်ဆို ဒီအချက်တွေကို လုပ်ကြည့်ပါ။

ရေသောက်ပါ

ကျန်းမာတဲ့အသားအရေကိုရဖို့ အရေးအကြီးဆုံး အချက်တွေထဲက တစ်ခုက ရေဓာတ်ပါ။ အသားအရေကို တောက်ပပြီး နုပျိုနေစေဖို့ တစ်နေ့ကို အနည်းဆုံး ရေ 8 ခွက်သောက်ပေးပါ။

မျက်နှာကိုလက်နဲ့မထိပါနဲ့

အသားအရေကောင်းဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အလေ့အကျင့်တစ်ခုက မျက်နှာကို လက်နဲ့ခနခနမထိပါနဲ့ ။ ခနခနထိတဲ့အခါ လက်မှာကပ်နေတဲ့ ဘတ်တီးရီးယားတွေက မျက်နှာကိုရောက်ပြီး ယားတာ ၊ ဝက်ခြံထွက်တာတွေ ဖြစ်နိုင်ပါတယ်။

Sunscreen မဖြစ်မနေလိမ်းပါ

ခရမ်းလွန်ရောင်ခြည်ကနေကာကွယ်ဖို့ တိမ်ထူတဲ့နေ့တွေမှာတောင် အနည်းဆုံး SPF 30 ပါတဲ့ Sunscreen ကို မဖြစ်မနေလိမ်းပေးပါ။ အပြင်နေတာ ကြာမယ်ဆိုရင် နောက်တစ်ခေါက်လိမ်းဖို့ မမေ့ပါနဲ့။

မျက်နှာသစ်ပါ

တစ်နေ့လုံးလိမ်းထားတဲ့ မိတ်ကပ်တွေဖျက်ဖို့ အဆီနဲ့အညစ်အကြေးတွေပျောင်အောင် ဖျက်ဖို့ Makeup Remover သုံးပေးပါ။ မျက်နှာသစ်တဲ့အခါ တစ်နေ့နှစ်ကြိမ်ဆို လုံလောက်ပါပြီ။ တစ်ခုသတိထားရမှာ မျက်လုံးအောက်က အရေပြားက နူးညံ့တာမလို့ မိတ်ကပ်ဖျက်တဲ့အခါ အရမ်းပွတ်မဆွဲပါနဲ့။

အနားယူပါ

အိပ်ရေးဝဝအိပ်တာက စိတ်ဖိစီးမှုကို လျော့ကျစေပြီး ဝက်ခြံနဲ့အသားအရေ ယောင်ရမ်းတာမျိုးကို သက်သာစေတာမလို့ ကျန်းမာပြီး တောက်ပတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်ဖို့အတွက် အိပ်ရေးဝအောင်အိပ်ပါ။

စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှုများတာက အသားအရေကိုလည်း ထိခိုက်စေနိုင်တာမလို့ တရားထိုင်တာ၊ ယောဂကျင့်တာ နေ့တိုင်း စိတ်အေးလက်အေး အနားယူဖို့ အချိန်ယူတာမျိုး စတဲ့နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ အရေးကြီးပါတယ်။