အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ မိတ်ကပ်ပါးပါးကြိုက်တဲ့ပျိုမေတို့အတွက်ပါ။

တချို့တွေကတော့ မိတ်ကပ်ထူထူကြိုက်ကြပေမယ့် တချို့မိန်းကလေးတွေက မိတ်ကပ်ထူတာထက် မိတ်ကပ်ပါးပါးကို ပိုသဘောကျကြပါတယ်။

စာရေးသူလည်း မိတ်ကပ်ပါးပါးကိုပဲသဘောကျပါတယ်။ ဘာလို့လဲဆိုတော့ သူက ပေါ့ပေါ့ပါးပါးလည်းရှိတယ်။ ပြီးတော့ အသားအရေလည်းသိပ်မပျက်စီးဘူးပေါ့။

ဒါပေမယ့် မိတ်ကပ်လိမ်းပြီးရင်တော့ မျက်နှာကိုသေချာ သန့်စင်ပြီး တိုနာလိမ်းမယ်။ပြီးတော့ Moisturizer လိမ်းပေးဖို့ လိုတယ်နော်။ မဟုတ်ရင်တော့ ကိုယ့်အသားအရေ ပိုပိုပြီးပျက်စီးလာမှာပါ။

ဆိုတော့ သဘာဝကျပြီး အသားအရေက Glow ဖြစ်နေသလို မိတ်ကပ်မျိုးကိုကြိုက်တဲ့ပျိုမေတို့အတွက် မိတ်ကပ် Look လေးတချို့ကို မျှဝေပေးလိုက်ပါတယ်နော်။ ဒီမိတ်ကပ် Look လေးတွေက မိတ်ကပ်လိမ်းတတ်တဲ့ကောင်မလေးတွေအတွက် ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။

Photo: www.pinterest.com

By: MyStyle Myanmar