အသားညိုတဲ့ ညိုချောလေးတွေအတွက် ရိုးရှင်းပြီး ဆွဲဆောင်မှုရှိစေမယ့် မိတ်ကပ်ပြင်ဆင်နည်းကို မျှဝေပေးလိုက်ပါတယ်။ Simple but Attractive ဆိုတဲ့အတိုင်းပဲ ပြင်ရတာလည်း တကယ်ကိုလွယ်ကူရိုးရှင်းပါတယ်။ ဒါပေမယ့် ဆွဲဆောင်မှုပိုရှိသွားစေတဲ့ Makeup Look ပါ။
မိတ်ကပ်မလိမ်းခင်မှာ Primer လိမ်းပေးပါ။
Primer ပြီးရင် မျက်ကွင်းညိုတာနဲ့ ဝက်ခြံ၊ အမဲစက်၊ အမာရွတ်တွေကိုဖုံးဖို့ Concealer သုံးပေးပါ။
ကိုယ်ကအသားညိုပေမယ့် အသားအရေက အရမ်းဆိုးနေတာမျိုးမဟုတ်ရင် Cushion သုံးပေးလို့ရပါတယ်။ Foundation ထက် Cushion က လိမ်းရတာပိုမြန်ပြီး အလုပ်ရှုပ်သက်သာစေတယ်။ အချိန်ကုန်သက်သာစေပါတယ်။ အရေးကြီးတာက Foundation ပဲဖြစ်ဖြစ်၊ Cushion ပဲဖြစ်ဖြစ် ကိုယ့်အသားနဲ့ကွက်တိဖြစ်မယ့်အရောင်ကို သေချာရွေးချယ်တတ်ဖို့ပါပဲ။
Jaw Lines လေးတွေ ပိုပေါ်အောင်လို့ Brush နဲ့ နဖူး၊ မေးရိုးတွေကို Conturing သုံးပေးပါ။
မျက်လုံးစပြင်ဖို့အတွက် Eyeshadow အညိုကို မျက်ခွံပေါ်မှာ ဖျော့ဖျော့လေးခြယ်ပေးပါ။ မျက်လုံးအောက်လေးကိုပါ နည်းနည်းခြယ်ပေးပါ။
Eyeliner ကို ပါးပါးလေးနဲ့ ဘေးဘက်ကိုကျတော့ အချွန်လေးထွက်အောင် ဆွဲပေးပါ။ အောက်ဘက်ကို Eyeliner မသုံးပါဘူး။
မျက်ခုံးမွှေးရှိပြီးသားဆိုရင် မျက်ခုံးမွှေးကို Brush နဲ့ခြစ်ပြီး အရှိတိုင်းပဲ ပုံသွင်းပေးပါ။ မျက်ခုံးမွှေးမရှိရင်တော့ သဘာဝဆန်ဆန်နဲ့ ပါးပါးလေးပဲ ဆွဲပေးပါ။ အရမ်းထင်နေအောင် Over ဖြစ်အောင် မဆွဲမိဖို့ လိုပါတယ်။
Mascara နဲ့ အပေါ်မျက်တောင်ရော၊ အောက်မျက်တောင်ကိုပါ ကော့ပေးပါ။
မိတ်ကပ်ပြင်ပြီဆိုရင် နှုတ်ခမ်းနီအရောင်က အသက်ပါပဲနော်။ နှုတ်ခမ်းနီကို နီညိုရောင်ဆိုးပေးပါ။ အသားညိုတဲ့သူတွေက ဒီအရောင်နဲ့ အရမ်းလိုက်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။
အသားညိုတဲ့သူတွေက Highlighter သုံးမယ်ဆိုရင် ရွှေရောင်လေးကိုရွေးသုံးပါ။ Highlighter ကို နားထင်၊ ပါးမို့နေရာ၊ နဖူး၊ နှာတံနဲ့ မေးစိကို သုံးပေးပါ။
ရွှေရောင် Highlighter (သို့) ရွှေရောင် Eyeshadow ကို လက်လေးနဲ့ယူပြီး မျက်လုံးထိပ်လေးကိုလည်း နည်းနည်းသုတ်ပေးပါ။
ဒါဆိုရင်တော့ ညိုချောလေးတို့အတွက် ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ Makeup Look ကို ရရှိသွားပါပြီ။
Source:www.haleykim