စာဖတ်ပရိတ်သတ်တို့ရေ မိန်းမသားတိုင်းကတော့ အလှအပကြိုက်ကြသူတွေချည်းပါပဲနော်။ မနက်ခင်း ကျောင်းမသွားခင်၊ အလုပ်မသွားခင်ဆိုရင် လှလှပပလေးဖြစ်အောင်လို့ မိတ်ကပ်လူးတာကို အသေးစိတ်သတိထားပေမယ့်လည်း တကယ်တမ်းအရေးကြီးတဲ့ အသားအရေနဲ့ ဆံကေသာကိုတော့ မကြာခဏဆိုသလို မေ့ထားတတ်ကြပါတယ်။

ဒါကြောင့် အချိန်လည်းမပေးရဘူး ကိုယ့်အတွက်လည်း အကျိုးဖြစ်စေမယ့် နည်းလမ်းလေးတွေကို သိထားမယ်ဆို ပျိုမေလေးတွေရဲ့ နေ့စဥ်ဘဝမှာ အများကြီးအကျိုးဖြစ်စေမယ်လို့ ယုံကြည်ပြီး နည်းလမ်းကောင်းလေးတွေကို ပြန်လည်မျှဝေပေးပါမယ်နော်။

တဘက်မသုံးဘဲ ဆံပင်မြန်မြန်ခြောက်စေအောင်

အချိန်မရှိတော့လို့ ခေါင်းလျှော်ထားတဲ့ ဆံပင်ကို မြန်မြန်ခြောက်စေချင်တယ်ဆိုရင်တော့ တဘက်အစား ချည်သားတီရှပ်ကိုအသုံးပြုပါ။ တီရှပ်က တဘက်ထက်ပိုပြီးတော့ အစိုဓာတ်ကို ပိုပြီးကောင်းကောင်းစုပ်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် တစ်ညထားမယ်ဆိုရင်လည်း နောက်တစ်နေ့မနက်ရောက်တဲ့အခါ သဘာဝအတိုင်းလှပတဲ့ ကောက်သားလေးတွေကို ရရှိမှာဖြစ်ပါတယ်။

မျက်နှာပေါ်က မလိုချင်တဲ့အမွှေးအမျှင်တွေကို ဖယ်ချင်တဲ့အခါ

မိန်းကလေးတွေအတွက်တော့ ကိုယ့်ရဲ့မျက်နှာလှလှလေးမှာ အမွှေးအမျှင်တွေပေါက်နေတာမျိုးက အင်မတန်ရှက်စရာကိစ္စတစ်ခုပါ။ ဒါကြောင့် ဒီလို ကြည့်ရဆိုးတဲ့အမွှေးအမျှင်တွေကို ဖယ်ရှားဖို့အတွက် အုတ်ဂျုံအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ လီမွန်ရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ပေါင်းစပ်လိုက်ပြီး အမွှေးအမျှင်ပေါက်နေတဲ့နေရာမှာလိမ်းပေးလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီးတာနဲ့ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်လျှင် ၂ ကြိမ် ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။

Waxing လုပ်ပြီးနောက် နီရဲခြင်းကိုသက်သာစေဖို့

နွားနို့ထဲမှာနှစ်ထားတဲ့ Cotton Pad ကို နီရဲနေတဲ့အသားအရေပေါ်မှာ ၁၀ မိနစ်အုပ်ထားပေးပါ။ နို့က Waxing လုပ်ပြီးလို့ အသားအရေနီရဲနေတာမျိုးတွေကို သက်သာစေပါတယ်။

ခြောက်သွေ့အက်ကွဲနေတဲ့ နှုတ်ခမ်းသားတွေ

လက်ဖက်အိတ်အစိုကို နှုတ်ခမ်းပေါ်မှာ မိနစ်အနည်းငယ်လောက် ဖိထားလိုက်ပါ။ နှုတ်ခမ်းတွေကွဲအက်လို့ နေရထိုင်ရခက်ခဲခြင်းကို သက်သာစေကာ နှုတ်ခမ်းသားကိုလည်း စိုပြေလာစေမှာဖြစ်ပါတယ်။

ခေါင်းညှပ်ကလစ်အမည်းတွေ တစ်နေရာတည်းမြဲနေစေဖို့

ကလစ်အမည်းတွေကို ခေါင်းမှာမညှပ်ခင် အရင်ဦးဆုံး Hairspray ဖြန်းလိုက်ပါ။ ဒီလိုဖြန်းပေးမယ်ဆိုရင်တော့ တစ်နေကုန် ပြန်ပြင်စရာမလိုဘဲနဲ့ ဆံပင်မှာမြဲနေပါလိမ့်မယ်။

Source: BrightSide