မိတ်ကပ်ပြင်တာက ကိုယ့်မျက်နှာကို ပြောင်းလဲသွားစေပါတယ်။ ရုပ်ပိုရင့်သွားစေမယ့် Makeup Look တွေလည်းရှိသလို ရုပ်ပိုနုသွားစေမယ့် Makeup Look တွေလည်း ရှိပါတယ်။ ဒီတစ်ခါမှာတော့ ရှင်းရှင်းလေးနဲ့လှပြီး ရုပ်ပိုနုသွားစေမယ့် Korean Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး အောက်ခံမိတ်ကပ်လိမ်းပါမယ်။ လက်နဲ့မလိမ်းပဲ Makeup Sponge နဲ့ လိမ်းပေးပါ။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးကို အနက်ရောင်နဲ့မဆွဲပဲ အညိုရောင်နဲ့ ဆွဲပေးပါ။

Eyeshadow ကိုတော့ ပန်းမိတ်ကပ်ရောင် (သို့) Peach အရောင်လေးသုံးပြီး မျက်ခွံမှာ ခြယ်ပေးပါ။ ပြီးရင် မျက်လုံးအောက်နားကိုလည်း ခြယ်ပေးပါ။

Glitter ပါတဲ့ Peach အရောင် Eyeshadow ကို လက်ချောင်းလေးနဲ့ယူပြီး မျက်ခွံအလယ်ကနေ ဆွဲပြီး ခြယ်ပေးပါ။

နောက်ထပ်အရောင်ပိုဖျော့တဲ့ Glitter Eyeshadow ကို မျက်လုံးအောက် အရှေ့နားနဲ့ မျက်ခွံအရှေ့နားလေးကို နည်းနည်းခြယ်ပေးပါ။

Korean Makeup Look တော်တော်များများက Eyeliner ကို အညိုရောင်ပဲ သုံးပါတယ်။ ဒီမှာလည်း Gel Eyeliner အညိုကိုသုံးပြီးတော့ မျက်လုံးအတွင်းနားကပ်ပြီး တစ်ချောင်းထဲ ပါးပါးလေးဆွဲပေးပါ။

မျက်လုံးအောက်နားကိုလည်း ပုံမှာဆွဲပြထားသလိုလေး ဆွဲပေးပါ။ ဒါဆိုရင် မျက်လုံးပိုလှသွားစေပါတယ်။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

ပါးနီကိုတော့ Cream Blusher Stick လေး သုံးထားပါတယ်။ Peach အရောင်နဲ့ ပန်းရောင်ကို နှစ်ရောင်စပ်ပြီး ခြယ်ပါမယ်။

နောက်ဆုံးမှာတော့ နှုတ်ခမ်းနီကို အညိုရောင်အဖျော့လေး ဆိုးပါမယ်။ ပြီးတော့မှ လိမ္မော်ရောင်အရင့်လေးကို ထပ်ဆိုးပါမယ်။ ဒါမှ မျက်နှာလေး ပိုဖြူပြီး ပိုလင်းသွားမှာပါ။

ဒါဆိုရင်တော့ ရှင်းရှင်းလေးနဲ့ အရမ်းလှတဲ့ Korean Makeup Look ကို ရရှိသွားပါပြီ။