မိတ်ကပ်ကိုထူထူကြီးတွေလိမ်းရတာ မကြိုက်တဲ့သူတွေအတွက် အောက်ခံ foundation လုံးဝမလိမ်းပဲ ပြင်ထားတဲ့၊ ဆောင်းရာသီနဲ့လည်းလိုက်ဖက်တဲ့ ရိုးရှင်းသော glitter eye makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဒီ makeup look လေးဆိုရင် အသားဖြူသူ၊ အသားလတ်သူ၊ အသားညိုသူ အားလုံးနဲ့လည်း လိုက်ဖက်ပါတယ်။

အောက်ခံ foundation မလိမ်းရင်တောင် concealer တော့ လိမ်းပေးဖို့လိုပါတယ်။ မျက်လုံးနားတစ်ဝိုက်ကို concealer လိမ်းပေးပြီး နှာခေါင်းကြား၊ နှုတ်ခမ်းပတ်ပတ်လည်ကိုလည်း လိမ်းပေးပါ။

Powder brush နဲ့ powder လိမ်းပေးပါ။

Eyeshadow အညိုရောင်အဖျော့ကို မျက်ခွံနဲ့ မျက်လုံးအောက်နားမှာ ခြယ်ပေးပါ။

Eyeshadow အညိုရောင်အရင့်ကို မျက်ရစ်နားမှာ ခြယ်ပေးပါ။ မျက်လုံးအောက်ထောင့်နားကိုပါ ခြယ်ပေးပါ။

Eyeshadow အနက်ရောင် (သို့) ခဲရင့်ရောင်နဲ့ မျက်လုံးထောင့်နားမှာ eyeliner ဆွဲသလိုဆွဲပေးပါ။ မျက်လုံးအောက်နားထောင့်ကိုလည်း ခြယ်ပေးပါ။

Glitter eyeshadow အဖြူကို မျက်ခွံနဲ့ မျက်လုံးအရှေ့ထောင့်လေးမှာ ခြယ်ပေးပါ။

Liquid eyeliner နဲ့ eyeliner ပါးပါးလေးတစ်ကြောင်းထဲ ဆွဲပေးပါ။ Eyeliner ကို wings လေးထွက်အောင် ဆွဲပေးပါ။

Mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင် ကော့ပေးပါ။

မျက်လုံးခြယ်တာပြီးသွားပြီဖြစ်တဲ့အတွက် အရေးကြီးတဲ့ မျက်ခုံးမွှေးဆိုးပါမယ်။ မျက်ခုံးမွှေးဆွဲတဲ့အခါမှာ natural ဆန်ဆန်လေးပဲဆွဲပေးပါ။

ပြောင်ပြောင်လေးနဲ့ glow နေအောင် ပါးရိုးနဲ့ နှာတံကို highlighter ခြယ်ပေးပါ။

နောက်ဆုံးမှာတော့ နှုတ်ခမ်းနီကို အညိုရောင် lip gloss လေး ဆိုးပေးပါ။

ဒါဆိုရင်တော့ foundation လည်း လိမ်းစရာမလိုပဲ ဆောင်းရာသီနဲ့လည်းလိုက်ဖက်တဲ့ ရိုးရှင်းသော glitter eye makeup look ကို ရရှိသွားပြီပဲဖြစ်ပါတယ်။

source:www.haleykim