မင်္ဂလာပါနော်။ မိတ်ကပ်ဟာ အနုပညာပါပဲ။ မိတ်ကပ်လိမ်းတာဟာ ဘာမှအပြစ်ဆိုစရာမရှိပါဘူး။ မိတ်ကပ်လိမ်းပြီးလှနိုင်ရင် မိမိကိုယ်ကို ယုံကြည်မှုပိုပြီးရှိစေပါတယ်။ သင့်ကို ပိုပိုပြီးလှသွားစေဖို့ မိတ်ကပ်လိမ်းရာမှာ ရိုးရှင်းလွယ်ကူပြီး အချိန်ကုန်သက်သာတဲ့ အသုံးပြုနည်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ Pencil Eyeliner ရဲ့အပေါ်မှာ Liquid Liner သုံးပါ

Liquid Liner မဆိုးတတ်သေးတဲ့သူတွေအတွက် အရင်ဆုံး Pencil Eyeliner ဆိုးလိုက်ပါ။ ပြီးမှ အပေါ်ကနေ Liquid Liner ထပ်ပေးလိုက်ပါ။

၂။ သင့်မျက်တောင်မွှေးပိုထူသလို ထင်ရစေဖို့ ပေါင်ဒါသုံးပါ

အရင်ဆုံး Mascara အရင်လိမ်းလိုက်ပါ။ ပြီးရင် ပေါင်ဒါလိမ်းလိုက်ပြီး အပေါ်ကနေ Mascara ထပ်လိမ်းပေးပါ။ မျက်တောင်မွှေးကို ပိုထူသလို ထင်ရစေမှာဖြစ်ပါတယ်။

၃။ ပြီးပြည့်စုံတဲ့ Eyeliner ဆိုးနိုင်ဖို့

အရင်ဆုံး မျက်လုံးဒေါင့်နားမှာ အတောင်ပံလေးအရင်ထည့်လိုက်ပါ။ ပြီးရင်အပေါ်ကနေ တစ်ထပ်ထပ်ဆွဲပေးလိုက်ပြိး မျက်ခွံအရှေ့ဖက်အထိ ဆွဲပေးလိုက်ပါ။ အဲဒီနောက် အတွင်းပိုင်းတွေကို ဖြည့်လိုက်ပါ။

၄။ သွားတိုက်တံကို သွားတိုက်ရုံသာမက နှုတ်ခမ်းသားနူးညံ့ဖို့လည်းသုံးနိုင်ပါတယ်

နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေဖယ်ရှားပေးဖို့ သွားတိုက်တံအခြောက်နဲ့ နှုတ်ခမ်းပေါ်မှာ အဆီတမျိုးဆိုးလိုက်ပြီး သေချာလေးပွတ်ပေးလိုက်ပါ။ နှုတ်ခမ်းသာ ပိုမို နူးညံ့လာစေမှာဖြစ်ပါတယ်။

၅။ ခြောက်နေတဲ့ Mascara ကိုဘယ်လိုဖြေရှင်းမလဲ

Mascara ခြောက်သွားရင် ရေနွေးလေးနဲ့ ခဏစိမ်လိုက်ပါ။ ပြီးရင်သုံးလို့ရပါပြီ။

၆။ နှုတ်ခမ်းနီကို ပါးနီလိုသုံးနိုင်ပါတယ်

နှုတ်ခမ်းနီအရောင်နဲ့ပါးနီအရောင်လိုက်ဖက်အောင် ကိုယ်ဆိုးမယ့် နှုတ်ခမ်းနီကိုပဲ ပါးနီအဖြစ်အသုံးပြုပေးနိုင်ပါတယ်နော်။