အခုနွေရာသီမှာ အမိုက်စားနဲ့ စတိုင်ကျချင်ရင်တော့ Floral Midi Skirt တွေကို ၀တ်တာက အကောင်းဆုံးပါပဲ။ ဒါကြောင့် ဝတ်ရတာပေါ့ပေါ့ပါးပါးရှိပြီး အရောင်လွင်လွင်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ Floral Midi Skirt လေးတွေကို မျက်စိကျနေတဲ့ပျိုမေတွေအတွက် Floral Midi Skirt Outfit Ideas တချို့ကို ဝေမျှပေးချင်ပါတယ်။
စကတ်ကအရောင်နဲ့လိုက်တဲ့ T-Shirt ရောင်စုံလေးတွေနဲ့ဆို လိုက်ပါတယ်။
ရိုးရိုးရှင်းရှင်းလေးဘဲကြိုက်ရင် Floral Midi Skirt ကို T-Shirt အဖြူလေးနဲ့တွဲဝတ်ပါ။
T-Shirt အဖြူကိုမှ ဒီအတိုင်းမဝတ်ချင်ရင် ဒီလိုလေး ထုံးဝတ်တာက လူငယ်ဆန်ပါတယ်။
ဆယ်ကျော်သက်မလေးတွေကတော့ ဒီလို Crop Top လေးနဲ့ တွဲဝတ်ကြည့်ပါ။
ဒီလို Tant Top လေးနဲ့ဆို နေရတာပိုလွတ်လပ်ပါတယ်။
လက်ရှည်လေးဘဲဝတ်ရတာကြိုက်ရင် ဒီလို Cardigan လေးနဲ့ တွဲဝတ်ပါ။
ချစ်ဖို့ကောင်းတဲ့ Look မျိုးလေးလိုချင်ရင်တော့ ဒီလိုမိန်းကလေးတဲ့ Top လေးတွေနဲ့တွဲဝတ်လို့ရပါတယ်။
ဒီလို ရှပ်လက်တို ဒါမှမဟုတ် လက်ရှည်နဲ့တွဲဝတ်တာကလည်း နေရာတိုင်းနဲ့လိုက်ဖက်ပါတယ်။