Makeup ပြင်တဲ့အခါမှာ အရမ်းအများကြီးပြင်တော့လည်း အချိန်ကြာပြီး အဆင်မပြေပါဘူး။ ကိုယ်လိမ်းခြယ်တဲ့ Makeup Look က ဘယ်လိုနေရာ၊ ဘယ်လိုအချိန်မျိုးနဲ့မဆို လိုက်ဖက်ပြီး လှနေတာဆိုရင် အရမ်းအဆင်ပြေနေပါပြီ။ ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ရိုးရှင်းပြီးအရမ်းလှတဲ့ Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး ကိုယ်လိမ်းနေကျ Foundation, Cushion ကြိုက်တာ လိမ်းလို့ရပါတယ်။

Eyeshadow ခြယ်ဖို့အတွက် အရင်ဆုံး အသားရောင် ဖျော့ဖျော့လေးကို မျက်ခွံမှာ ခြယ်ပါမယ်။

အညိုရောင်အရင့် Eyeshadow Color ကို Brush အပြားလေးနဲ့ယူပြီး မျက်လုံးထောင့်စွန်းမှာ Eyeliner Wings လေးဆွဲပေးပါ။

ပြီးမှ Gel Eyeliner နဲ့ မျက်လုံးအတွင်းနားလေးက ကပ်ဆွဲပြီး Eyeliner Wings လေးမှာ ထပ်ဆွဲပေးပါ။ ဒါမှ ပိုထင်းပြီးပေါ်လွင်မှာပါ။

မျက်လုံးခြယ်လို့ပြီးသွားပြီဆိုရင် Mascara နဲ့ မျက်တောင်ကော့ပါမယ်။ Natural ဆန်ဆန်လေးဖြစ်အောင် Mascara ကို အညိုရောင်လေး သုံးထားပါတယ်။

မျက်ခုံးမွှေးဆွဲပြီးရင် Mascara (သို့) Eyebrow Brush နဲ့ ဖြီးပေးပါ။

ပါးနီကိုတော့ နှုတ်ခမ်းနီပန်းရောင်လေးသုံးပြီး လက်နဲ့ပဲ ပုတ်ပုတ်ပြီး ခြယ်ထားပါတယ်။ ဒါက ပိုပြီးတော့ Natural ဆန်ပြီးလှပါတယ်။

နားထင်၊ မေးရိုးနဲ့ နှာတံဖော်ဖို့ Contouring ကို အညိုဖျော့ (သို့) အသားရောင် နည်းနည်းရင့်တာလေးပဲ သုံးပေးပါ။

နှုတ်ခမ်းနီကို အရမ်းမတောက်သလို အရမ်းလည်းအမှိန်တဲ့ အရောင်မျိုးလေးဆိုးတာက ပိုပြီးလှပါတယ်။

ဒါဆိုရင်တော့ ပေါ့ပေါ့ပါးပါးနဲ့ ရိုးရှင်းပြီးအရမ်းလှသလို ဘယ်လိုနေရာ၊ ဘယ်လိုအချိန်မျိုးနဲ့မဆို လိုက်ဖက်တဲ့ Makeup Look လေးကို ပြင်ပြီးသွားပါပြီ။ ဒီ Look လေးကို မိန်းကလေးတိုင်း သဘောကျမယ်လို့ ထင်ပါတယ်။